Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:46

Common Language Bible

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သူ​တို့​အား​ကြောက်​လန့် တုန်​လှုပ်​စေ​ရန်​နှင့်​လု​ယက်​စေ​ရန် ရုန်း​ရင်း​ဆန် ခတ်​ပြု​သည့်​လူ​အုပ်​ကို​ခေါ်​ခဲ့​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ပြည်​တွင်​ဟေ​ဇ​ကိ​၏​သား​မ​နာ​ရှေ​မင်း ပြု​စဉ်​အ​ခါ​က​ယေ​ရု​ရှ​လင်​မြို့​တွင်​ပြု​ကျင့် ခဲ့​သည့်​အ​မှု​ကြောင့် ငါ​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ အ​ပေါင်း​တို့​အား​ထို​သူ​တို့​ကို​မြင်​၍​ထိတ် လန့်​တုန်​လှုပ်​စေ​မည်။

ငါ​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့​ထိတ် လန့်​တုန်​လှုပ်​သွား​လောက်​အောင် ဆိုး​ရွား​သည့် ဘေး​အန္တ​ရာယ်​ကို​သူ​တို့​အ​ပေါ်​သို့​သက် ရောက်​စေ​မည်။ သူ​တို့​အား​လူ​တို့​သည်​ပြက် ရယ်​ပြု​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​ကြောင်း ကို​ပြက်​လုံး​ထုတ်​လျက်​သ​ရော်​ပြော​ဆို ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ကွဲ​လွင့်​စေ သည့်​အ​ရပ်​မှန်​သ​မျှ​တို့​၌​လည်း သူ​တို့ ၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ​ရာ​တွင် အ​သုံး​ပြု​ကြ​လိမ့်​မည်။-

`ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-

ငါ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက်​ရောက်​စေ မည်။ သူ​တို့​အား​နှိပ်​စက်​မည်။ ထို့​ကြောင့်​လူ​မျိုး တ​ကာ​တို့​သည်​သူ​တို့​ကို​မြင်​၍ ကြောက်​လန့် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ပျံ့​လွင့် စေ​သည့်​အ​ရပ်​မှန်​သ​မျှ​၌ သူ​တို့​သည်​ထို​သူ တို့​တွေ့​ကြုံ​ရ​သည့်​ဘေး​ဒုက္ခ​ကို​မြင်​၍​လန့် ဖျပ်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်။ သူ​တို့​ကို လည်း​ပြက်​ရယ်​ပြု​လျက် သူ​တို့​အ​မည်​နာ​မ ကို​ကျိန်​ဆဲ​ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-

သို့​သော်​လည်း​သင်​တို့​သည်​ငါ​၏​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား အ​ချင်း​ချင်း​တို့​အား​လည်း လွတ်​လပ်​ခွင့် မ​ပေး​ခဲ့​ကြ​ဟု​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဆို​၏။ ထို့​ကြောင့်​သင်​တို့​အား​စစ်​ဘေး၊ အ​နာ ရော​ဂါ​ဘေး​နှင့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး တို့​ဖြင့် လွတ်​လပ်​စွာ​သေ​ရ​ခြင်း​တည်း​ဟူ သော​လွတ်​လပ်​ခွင့်​ကို​ငါ​ပေး​မည်။ ငါ​သည် သင်​တို့​အား​ပြု​သည့်​အမှု​ကြောင့် ကမ္ဘာ​ပေါ် ရှိ​လူ​မျိုး​တ​ကာ​တို့​သည်​ထိတ်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။-

``သင့်​အား​ခဲ​နှင့်​ပေါက်​၍​ဋ္ဌား​နှင့်​အ​ပိုင်း​ပိုင်း ဖြတ်​ကြ​စေ​ရန် သူ​တို့​သည်​လူ​အုပ်​ကြီး​တစ် စု​ကို​လှုံ့​ဆော်​ပေး​ကြ​လိမ့်​မည်။-

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ များ​အား​အောင်​ပွဲ​ခံ​စေ​မည်။ သင်​တို့​သည် ရန်​သူ​အား​လမ်း​တစ်​လမ်း​တည်း​ဖြင့်​တိုက် ခိုက်​ကြ​လျက် စစ်​ရှုံး​သ​ဖြင့်​လမ်း​အ​သွယ် သွယ်​ဖြင့်​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ