Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:32

Common Language Bible

အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ ``သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ဖ​လား​မှ သောက်​ရ​လိမ့်​မည်။ ထို​ဖ​လား​သည်​ကြီး​၍​စောက်​နက်​၏။ သင်​သည်​လူ​တိုင်း​တို့​၏​မ​ထီ​မဲ့​မြင်​ပြု​ခြင်း၊ ပြောင်​လှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ဖ​လား​သည်​ပြည့်​၍​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​ပေး​ထား​သည့်​ပြည်​မှ​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက်​သီး သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို​လည်း​ငါ​စွန့် မည်။ ထို​အ​ခါ​အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​ကို​ကဲ့​ရဲ့​ပြောင်​လှောင် ကြ​လိမ့်​မည်။-

ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​ကို အိမ်​နီး​ချင်း​များ​သည်​မြင်​၍​ကျွန်​တော်​မျိုး​တို့​အား ပြောင်​လှောင်​၍​ပြက်​ရယ်​ပြု​ကြ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​တိ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​အား​သေ​သောက်​ကူး သူ​များ​သ​ဖွယ်​ယိမ်း​ယိုင်​စေ​တော်​မူ​ပါ​ပြီ။

သူ​တို့​သည်​ကိုယ်​တော်​ရှင့်​လူ​စု​၏​သွေး​ကို ရေ​ကဲ့​သို့ ယို​စီး​စေ​ကြ​ပါ​၏။ သွေး​ချောင်း​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဖြတ်​၍ စီး​ဆင်း​လျက်​ရှိ​ပါ​၏။ အ​လောင်း​များ​ကို​သင်္ဂြိုဟ်​မည့်​သူ​တစ်​စုံ တစ်​ယောက်​မျှ မ​ကျန်​တော့​ပါ။

အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​လော့။ မိ​မိ​ကိုယ်​ကို​နှိုး​၍​ထ​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သ​ဖြင့် သင့်​အား​ပေး​တော်​မူ​သော၊ခွက်​ဖ​လား​မှ​အ​ပြစ် ဒဏ် စ​ပျစ်​ရည်​ကို​သင်​သည်​သောက်​သုံး​ခဲ့​လေ​ပြီ။ ယင်း​ကို​သောက်​သုံး​သ​ဖြင့်​ယိမ်း​ယိုင်​လျက်​နေ​ခဲ့​၏။

`ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-

ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ခဲ့​သည်​ဖြစ်​၍ ထို​ပြည်​ကို ယစ်​မူး​၍​နေ​စေ​ကြ​လော့။ သူ​သည်​မိ​မိ​၏​အန် ဖတ်​တွင်​လူး​လှိမ့်​၍​နေ​လိမ့်​မည်။ လူ​တို့​သည် လည်း​သူ့​အား​ပြောင်​လှောင်​ကြ​လိမ့်​မည်။-

``အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား သင်​တို့​သည်​လက်​ခုပ်​တီး​၍​ဝမ်း​မြောက်​စွာ ခုန်​ပေါက်​ကြ​၏။ ဣ​သ​ရေ​လ​ပြည်​ကို​ရွံ​ရှာ စက်​ဆုပ်​ကြ​၏။-

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​မြို့​သား တို့​က`ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​သည်​ပျက်​ပြုန်း လေ​ပြီ။ ထို​မြို့​၌​တံ​ခါး​များ​ပွင့်​လျက်​ရှိ​၏။ ထို​မြို့​သည်​ငါ​တို့​နှင့်​ပြိုင်​ဘက်​မ​ဖြစ်​တော့ ပြီ' ဟု​ဝမ်း​မြောက်​စွာ​ဟစ်​အော်​ကြွေး​ကြော် လျက်​နေ​ကြ​၏။

``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ကို​ဆင့်​ဆို​လော့။ အိမ်​နီး​ချင်း တိုင်း​ပြည်​တို့​သည်​ဣ​သ​ရေ​လ​တောင်​များ ကို​တိုက်​ခိုက်​လု​ယက်​သိမ်း​ပိုက်​ကြ​သော​အ​ခါ လူ​တိုင်း​ပင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြက်​ရယ်​ပြု​ကြ​၏။-

ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည် သင်​၏​အ​နီး​တွင်​ဖြတ်​သန်း​သွား​လာ​ကြ သော​အ​ခါ သင်​၏​ပျက်​စီး​မှု​ကို​ကြည့်​၍ မဲ့​ရွဲ့​ပြ​ကာ​သင့်​အား​ရှောင်​၍​သွား​ကြ လိမ့်​မည်။

``ငါ​သည်​သင့်​အား​အ​မျက်​ဒေါ​သ​ပြင်း စွာ​ထွက်​၍ နာ​ကျင်​စွာ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ ပတ်​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ​တို့ သည်​ထိတ်​လန့်​ကြ​လျက် သင့်​အား​စက်​ဆုပ် သည့်​အ​မူ​အ​ရာ​ဖြင့်​ကြည့်​၍​သ​တိ​ပေး လျက်​ပြက်​ရယ်​ပြု​ကြ​လိမ့်​မည်။-

သူ​တို့​သည်​ငါ့​ကို​စွန့်​၍ တန်​ခိုး​မ​ရှိ​သော ဘု​ရား​ကို​ဆည်း​ကပ်​ကြ​၏။ သူ​တို့​သည် ကောက်​လိမ်​သော​လေး​ကဲ့​သို့​စိတ်​မ​ချ​ရ။ သူ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မောက်​မာ စွာ​ပြော​ဆို​သော​ကြောင့် သေ​ခြင်း​ဆိုး​ဖြင့် သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​ပြက်​ရယ်​ပြု​ကြ လိမ့်​မည်။

ငါ​တို့​၏​ရန်​သူ​တို့၊ ငါ​တို့​၏​အ​ပြစ်​အ​ခြေ အ​နေ​ကြောင့် ဝမ်း​မြောက်​ဝမ်း​သာ​မ​ဖြစ်​ကြ နှင့်။ ငါ​တို့​လဲ​ကျ​သော်​လည်း​နောက်​တစ်​ဖန် ထ​ဦး​မည်။ ယ​ခု​အ​ခါ​ငါ​တို့​သည်​အ​မှောင် ထဲ​၌​နေ​ထိုင်​ရ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အ​ပေါ်​သို့​အ​လင်း​ရောင်​သက် ရောက်​စေ​တော်​မူ​လိမ့်​မည်။-

သင်​တို့​ကို​အပြည်​ပြည်​သို့​ကွဲ​လွင့်​စေ​တော် မူ​သော​အ​ခါ ယင်း​ပြည်​သား​တို့​သည်​သင် တို့​၏​အ​ဖြစ်​ကို​မြင်​၍​ထိတ်​လန့်​ကြ​လိမ့် မည်။ သင်​တို့​အား​ပြောင်​လှောင်​သ​ရော်​ကဲ့​ရဲ့ ရှုတ်​ချ​ကြ​လိမ့်​မည်။

မြို့​ကြီး​သည်​သုံး​ပိုင်း​ကွဲ​လေ​၏။ ကမ္ဘာ​ပေါ်​ရှိ​မြို့ များ​သည်​လည်း​ပြို​ပျက်​ကုန်​၏။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​ကြီး​ကို​သ​တိ​ရ​တော်​မူ​လျက် မိ​မိ ၏​ဖ​လား​မှ​ပြင်း​ထန်​သော​အ​မျက်​တော်​တည်း​ဟူ သော​စ​ပျစ်​ရည်​ကို​သောက်​စေ​တော်​မူ​၏။-

သင်​တို့​အား​သူ​ပြု​ကျင့်​သည့်​အ​တိုင်း သူ့​အား​လက်​စား​ချေ​ကြ​လော့။ သူ​ပြု​ကျင့်​သည်​ထက်​နှစ်​ဆ​လက်​စား​ချေ ကြ​လော့။ သင်​တို့​အ​တွက်​ဖ​လား​တွင်​သူ​ရော​စပ်​ပေး​သည့် သောက်​သုံး​စ​ရာ​ထက်​နှစ်​ဆ​ပြင်း​အောင်​သူ့ အ​တွက် ရော​စပ်​ပေး​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ