Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:29

Common Language Bible

သူ​တို့​သည်​သင့်​ကို​မုန်း​၍​သင်​စု​ဆောင်း​ထား သ​မျှ​သော​ပစ္စည်း​ဥစ္စာ​တို့​ကို​ယူ​၍ သင့်​အား အ​ဝတ်​အ​ချည်း​စည်း​နှင့်​ထား​ခဲ့​ကြ​လိမ့်​မည်။ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သူ​ပြည့် တန်​ဆာ​ကဲ့​သို့​ဖြစ်​စေ​ကြ​လိမ့်​မည်။ သင်​သည် တ​ဏှာ​ရာ​ဂ​စိတ်​ရှိ​မှု​ကြောင့်၊ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​ကိုင်​မှု​ကြောင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​အာ​မ​နုန်​သည်​တာ​မာ​ကို​လွန်​စွာ​မုန်း လေ​၏။ သူ​သည်​ယ​ခင်​အ​ခါ​က​ချစ်​အား​ကြီး သည်​ထက် ယ​ခု​အ​ခါ​၌​မုန်း​အား​ပို​၍​ကြီး သ​ဖြင့်​တာ​မာ​အား``ထွက်​သွား​လော့'' ဟု​နှင် ထုတ်​လေ​သည်။

ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​သင်​တို့ ၏​အ​ဝတ်​များ​ကို​ဆွဲ​ချွတ်​တော်​မူ​၍ သင် တို့​အား​အ​ရှက်​ကွဲ​စေ​တော်​မူ​လိမ့်​မည်။-

သူ​၏​ဂုဏ်​အ​သ​ရေ​ကင်း​မဲ့​ရ​လေ​ပြီ။ အ​ဝတ်​အ​ချည်း​စည်း​နှင့်​စက်​ဆုတ်​ရွံ​ရှာ​ဖွယ် ဖြစ်​၍​နေ​၏။ သူ​သည်​ညည်း​တွား​ကာ​ရှက်​သ​ဖြင့်​မျက်​နှာ​ကို အုပ်​၍​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​ဆိုး​ရွား​သည့်​အ​ပြစ် ဒု​စ​ရိုက်​အား​ဖြင့်​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​၏။

ငါ​သည်​သင့်​ကို​သူ​တို့​၏​လက်​သို့​အပ်​နှံ မည်။ သူ​တို့​သည်​သင်​၏​မြင့်​သော​တောင်​ကုန်း များ ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက်​ကြ လိမ့်​မည်။ သူ​တို့​သည်​သင်​၏​အ​ဝတ်​အ​စား များ​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ​ကို​ယူ ၍ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ထား ကြ​လိမ့်​မည်။

သင်​၏​အ​ထဲ​၌​အ​ချို့​တို့​သည်​ကုန်း​ချော​၍ သူ​တစ်​ပါး​တို့​အား​သေ​ကြောင်း​ကြံ​ကြ​၏။ သင့်​အ​ထဲ​၌​တောင်​ပေါ်​ရှိ​ဝတ်​ပြု​ရာ​ဌာ​န များ​တွင် ရုပ်​တု​များ​အား​ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​စား​ကြ​၏။ အ​ချို့​မှာ​အ​စဉ် ကာ​မ​ဂုဏ်​လိုက်​စား​ကြ​၏။-

သူ​သည်​အ​များ​ပြည်​သူ​တို့​ရှေ့​၌​အ​ဝတ် အ​ချည်း​စည်း​နှင့်​နေ​၍ လူ​တိုင်း​အား​မိ​မိ သည်​ပြည့်​တန်​ဆာ​ဖြစ်​ကြောင်း​ကို​သိ​စေ​၏။ ငါ​သည်​သူ​၏​အစ်​မ​ကို​စက်​ဆုပ်​သ​ကဲ့​သို့ သူ့​ကို​လည်း​စက်​ဆုပ်​၏။-

ရှ​ဖိ​ရ​မြို့​သား​တို့၊ အ​ဝတ်​အ​ချည်း​စည်း ဖြင့်​အ​ရှက်​ကွဲ​လျက်​သုံ့​ပန်း​အ​ဖြစ်​ရောက် ကြ​လော့။ ဇာ​နန်​မြို့​သား​တို့​သည်​မြို့​ပြင် သို့​မ​ထွက်​ဝံ့​ကြ။ ဗေ​သ​ဇေ​လ​မြို့​သား တို့​ငို​ကြွေး​သံ​ကို​သင်​တို့​ကြား​ရ​သော အ​ခါ ထို​မြို့​တွင်​သင်​တို့​ခို​လှုံ​နိုင်​မည် မ​ဟုတ်​ကြောင်း​သိ​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ