ယေဇကျေလ 23:14Common Language Bible``သူသည်ပို၍ပို၍အကျင့်ပျက်လာ၏။ ခါး စည်းများနှင့်လှပသောဦးရစ်များကိုဝတ် ဆင်ထားသည့်ခါလဒဲအရာရှိတို့သည် ခါလဒဲပြည်သားဗာဗုလုန်အရာရှိမြင်း ရထားတပ်ဗိုလ်များနှင့်တူ၍၊ သူတို့၏ရုပ် ပုံများကိုနံရံတွင်နီမြန်းတောက်ပသော ဆေးရောင်ဖြင့် ရေးဆွဲထားသည်ကိုတွေ့ မြင်လေ၏။- အခန်းကိုကြည့်ပါ။ |
``ဗာဗုလုန်မြို့သည်ကျဆုံးလေပြီ။ ထိုမြို့ ၏မေရောဒပ် ဘုရားသည်လည်းကျိုးပဲ့ကြေမွ၍သွားလေပြီ။ ဗာဗုလုန်မြို့ရှိစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ရုပ်တုများသည် အရှက်ကွဲလျက်ချေမှုန်းခြင်းကိုခံရကြပါသည် တကား။ ဤသတင်းကိုထိုလူမျိုးတကာတို့အား ပြောကြားကြေညာလော့။ အချက်ပြအလံဟူ၍ကြော်ငြာလော့။ ထိုသတင်းကိုလျှို့ဝှက်၍မထားနှင့်။
ဗာဗုလုန်နှင့်ခါလဒဲပြည်သားများ၊ ပေကုတ်၊ ရှော့နှင့်ကော့မှလူတို့နှင့်အာရှုရိပြည်သား အပေါင်းကိုငါခေါ်ဆောင်ခဲ့မည်။ သူတို့အား လုံးသည်ရုပ်ရည်ချော၍ ပျိုရွယ်သူမှူးမတ် အရာရှိများ၊ မြင်းရထားတပ်အရာရှိများ နှင့်အဆင့်အတန်းမြင့်သောမြင်းတပ်ဗိုလ် များဖြစ်ကြ၏။-