ယေဇကျေလ 23:12Common Language Bibleသူသည်လည်းတောက်ပြောင်သောဆင်တူဝတ် စုံများကို ဝတ်ဆင်ထားသည့်အာရှုရိမှူးမတ် အရာရှိများနှင့်မြင်းတပ်ဗိုလ်များအတွက် ရာဂစိတ်မွှန်၍နေ၏။ သူတို့အားလုံးသည် ရုပ်ရည်ချော၍ပျိုရွယ်သူများဖြစ်သတည်း။- အခန်းကိုကြည့်ပါ။ |
ဗာဗုလုန်နှင့်ခါလဒဲပြည်သားများ၊ ပေကုတ်၊ ရှော့နှင့်ကော့မှလူတို့နှင့်အာရှုရိပြည်သား အပေါင်းကိုငါခေါ်ဆောင်ခဲ့မည်။ သူတို့အား လုံးသည်ရုပ်ရည်ချော၍ ပျိုရွယ်သူမှူးမတ် အရာရှိများ၊ မြင်းရထားတပ်အရာရှိများ နှင့်အဆင့်အတန်းမြင့်သောမြင်းတပ်ဗိုလ် များဖြစ်ကြ၏။-
သူသည်ချစ်သူတို့နောက်သို့ပြေးလိုက်သော် လည်းမီမည်မဟုတ်၊ ရှာသော်လည်းတွေ့မည် မဟုတ်၊ ထိုအခါသူက``ငါသည်ခင်ပွန်း ဟောင်းထံသို့ပြန်မည်။ ငါသည်ခင်ပွန်းသစ် နှင့်ပေါင်းသင်းနေထိုင်ရသည်ထက် ခင်ပွန်း ဟောင်းနှင့်ပေါင်းသင်းနေထိုင်ရသည်က ပို၍ကောင်းသည်'' ဟုဆိုလိမ့်မည်။