ယေဇကျေလ 22:7Common Language Bibleသင့်အထဲတွင်အဘယ်သူမျှမိဘကိုရို သေမြတ်နိုးမှုမပြုကြ။ သင့်အထဲတွင်သင် သည်လူမျိုးခြားတို့အား လိမ်လည်လှည့်စား ၍မုဆိုးမများနှင့်မိဘမဲ့သူတို့အား ညှဉ်းဆဲနှိပ်စက်၏။- အခန်းကိုကြည့်ပါ။ |
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
တိုင်းတစ်ပါးသားများ၊ မိဘမဲ့သူများနှင့် မုဆိုးမများအပေါ်တွင်အခွင့်ကောင်းမယူ ကြနှင့်တော့။ ဤသန့်ရှင်းရာဌာနတော်တွင် အပြစ်မဲ့သူတို့အားသတ်ဖြတ်မှုမပြုကြ နှင့်တော့။ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်မှုသည်သင်တို့အားအကျိုးယုတ်စေ မည်ဖြစ်၍ထိုအမှုကိုရပ်စဲလိုက်ကြလော့။-
သူတို့၏ခေါင်းဆောင်များထဲတွင်ပူးပေါင်း ကြံစည်မှုရှိ၏။ သူတို့သည်သားကောင်များ ကိုကိုက်သတ်ဆွဲဖြတ်ပြီးနောက် ဟောက်နေ သောခြင်္သေ့များနှင့်တူကြ၏။ သူတို့သည် လူများကိုသတ်၍ရနိုင်သမျှသောငွေ နှင့်ဥစ္စာပစ္စည်းတို့ကိုယူကြ၏။ ယင်းသို့သတ် ဖြတ်မှုဖြင့်သူတို့သည်အမျိုးသမီးမြောက် မြားစွာကိုမုဆိုးမဘဝသို့ရောက်စေ ကြ၏။-
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။