ယေဇကျေလ 22:2Common Language Bibleကိုယ်တော်က``အချင်းလူသား၊ သင်သည်လူ သတ်သမားများနှင့်ပြည့်နှက်လျက်ရှိသည့် မြို့ကို စစ်ဆေးစီရင်ရန်အသင့်ရှိပြီလော။ ထိုမြို့အားမိမိပြုသည့်စက်ဆုပ်ဖွယ်ရာ အမှုအပေါင်းတို့ကိုဖော်ပြလော့။- အခန်းကိုကြည့်ပါ။ |
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``လူ သတ်သမားတို့၏မြို့သည်အမင်္ဂလာရှိပါ သည်တကား။ ယင်းသည်အဘယ်အခါ၌မျှ မတိုက်မချွတ်ဘဲထားသဖြင့်ချေးတက်နေ သည့်ကြေးအိုးနှင့်တူ၏။ ကြေးအိုးထဲမှ အသားတစ်များကိုမဲချနေစရာမလို ဘဲ တစ်တုံးပြီးတစ်တုံးအကုန်အစင်ထုတ် လော့။-
ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-
သို့ဖြစ်၍အာဗေလမှသည်ဗိမာန်တော် အတွင်းပိုင်းနှင့်ယဇ်ပလ္လင်အကြားမှာ အသတ် ခံခဲ့ရသည့်ပရောဖက်ဇာခရိအထိ၊ ကမ္ဘာ တည်ချိန်မှစ၍အသတ်ခံခဲ့ရသောပရော ဖက်များ၏အသွေးကြောင့် ဤခေတ်လူတို့ သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအမှုအားလုံးအတွက် ဤခေတ် လူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြလိမ့်မည်ဟုငါအမှန်ဆို၏။