ယေဇကျေလ 22:11Common Language Bibleသင့်အထဲ၌အချို့သောသူတို့သည်သူ တစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မိမိတို့၏ ချွေးမများကိုသော်လည်းကောင်း၊ အဖေတူ အမေကွဲနှမများကိုသော်လည်းကောင်း ဖြားယောင်းပြစ်မှားကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့၏ကံကြမ္မာသည်ဤနည်းအတိုင်း ပင်ဖြစ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိုက်မဲစွာပြုကျင့်ကြသောကြောင့် ဖြစ်၏။ သူတို့သည်သူတစ်ပါး၏သားမယား ကိုပြစ်မှားကြလျက် ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လိမ်လည်ဟောပြောကြ၏။ ဤအပြုအမူကားထာဝရဘုရား၏ အလိုတော်နှင့်မကိုက်ညီ။ ကိုယ်တော်သည် သူတို့ပြုသည့်အမှုကိုသိတော်မူသည်ဖြစ်၍ ဒိဌသက်သေဖြစ်တော်မူ၏။ ဤကားထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟူ၍ ပါရှိလေသည်။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။