Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 21:4

Common Language Bible

ယင်း​သို့​လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင် ပစ်​ရန် ငါ​သည်​မြောက်​အ​ရပ်​မှ​နေ​၍​တောင် အ​ရပ်​သို့​တိုင်​အောင် ရှိ​သ​မျှ​သော​လူ​တို့ ကို​ဋ္ဌား​တော်​ဖြင့်​စီ​ရင်​မည်​ဖြစ်​ကြောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ရန်​သဲ​ကန္တာ​ရ​ရှိ ကုန်း​မြင့်​များ​ကို​ဖြတ်​၍​လာ​လေ​ပြီ။ ဤ​ပြည်​တစ်​ခု​လုံး​ကို​ဖျက်​ဆီး​ချေ​မှုန်း​ပစ်​ရန် ငါ​သည်​စစ်​ပွဲ​ကို​ဖြစ်​ပွား​စေ​လေ​ပြီ။ အ​ဘယ်​သူ​မျှ​ငြိမ်း​ချမ်း​စွာ​မ​နေ​မ​ထိုင် ရ​ကြ။

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အား​မူး ယစ်​အော့​အန်​သည့်​တိုင်​အောင်၊ သူ​တို့​ထံ​သို့​ငါ စေ​လွှတ်​သည့်​စစ်​မက်​အန္တ​ရာယ်​ကြောင့်​ပြို​လဲ​၍ မ​ထ​နိုင်​သည့်​တိုင်​အောင်​အ​မျက်​တော်​ရည် ကို​သောက်​ကြ​ရန်​မိန့်​တော်​မူ​ကြောင်း​ဆင့် ဆို​လော့။-

``သို့​တည်း​မ​ဟုတ်​ငါ​သည် ထို​ပြည်​တွင်​စစ် မက်​ဖြစ်​ပွား​စေ​လျက်​လူ​ရော​တိ​ရစ္ဆာန်​ပါ ပယ်​ရှင်း​ပစ်​ရန်​ဖျက်​ဆီး​တတ်​သည့်​လက် နက်​များ​ကို​စေ​လွှတ်​သော​အ​ခါ၊-

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တောင်​အ​ရပ် သို့​မျှော်​ကြည့်​၍ ထို​အ​ရပ်​နှင့်​ထို​အ​ရပ်​ရှိ သစ်​တော​အား​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​လော့။-

တောင်​အ​ရပ်​မှ​သစ်​တော​အား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​က​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​နား​ထောင်​လော့။ ငါ​သည်​မီး​မွှေး​လျက် ရှိ​၏။ ထို​မီး​သည်​သင်​၏​သစ်​ပင်​ခြောက်​ရှိ သ​မျှ​နှင့်​သစ်​ပင်​စို​ရှိ​သ​မျှ​တို့​ကို​ကျွမ်း လောင်​စေ​လိမ့်​မည်။ မီး​တောက်​များ​ကို​အ​ဘယ် အ​ရာ​မျှ​မ​ငြိမ်း​မ​သတ်​နိုင်​ရာ။ ထို​မီး​သည် တောင်​အ​ရပ်​မှ​မြောက်​အ​ရပ်​သို့​ပျံ့​နှံ့​သွား ကာ မြေ​တစ်​ပြင်​လုံး​ကို​ကျွမ်း​လောင်​စေ လိမ့်​မည်။-

သတ်​ဖြတ်​ရန်​အ​တွက်​ဋ္ဌား​ကို​ထက်​အောင် သွေး​ထား​ပြီး။ လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​စေ​ရန် တိုက်​ချွတ်​ထား​၏။ ငါ​၏​သား​ယု​ဒ​အုပ်​စိုး​သော​ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​နိုင်​မည်​မ​ဟုတ်။ ထို​ရာ​ဇ​လှံ​တံ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည်။

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​လူ​တို့​အား​ဆင့်​ဆို ရ​မည်​မှာ၊ ``ဋ္ဌား​တော်​ကို​ထက်​အောင်​သွေး​ထား​ပြီး။ ဋ္ဌား​တော်​ကို​ပြောင်​လက်​အောင်​တိုက်​ချွတ် ထား​ပြီ။

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​အား ငါ​အ​ရှင်​ထာဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား``နိုင်​ငံ​တစ်​ခု လုံး​ပျက်​သုဉ်း​ရာ​အ​ချိန်​ကျ​ပြီ။

ငါ​သည်​နိစ္စ​ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း ငါ​သည်​ကောင်း​ကင်​သို့​လက်​ကို​မြှောက်​၍ ကျိန်​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ