ယေဇကျေလ 21:21Common Language Bibleဗာဗုလုန်မင်းသည်လမ်းဆုံ၊ လမ်းဝသို့ရောက် သောအခါ ရပ်၍အဘယ်လမ်းကိုလိုက်ရမည် ကိုသိနိုင်ရန်မြားတို့ကိုလှုပ်၍မဲချ၏။ သူ ၏ရုပ်တုတို့ကိုမေးမြန်း၏။ တိရစ္ဆာန်အသည်း ကိုလည်းကြည့်၏။- အခန်းကိုကြည့်ပါ။ |
ယောရှိမင်းသည်ဗိမာန်တော်တွင် ယဇ်ပုရောဟိတ် မင်းတွေ့ရှိခဲ့သည့်ကျမ်းစာတော်၌ဖော်ပြထား သောပညတ်များကိုလိုက်နာကျင့်သုံးကြစေရန် ယေရုရှလင်မြို့နှင့်ယုဒတစ်ပြည်လုံး၌တွေ့ ရှိသမျှနတ်ဝင်သည်များ၊ ဗေဒင်ဆရာများ၊ အိမ်စောင့်နတ်အရုပ်များ၊ ရုပ်တုများနှင့် အခြားဝတ်ပြုကိုးကွယ်ရာဝတ္ထုပစ္စည်းများ ကိုဖယ်ရှားတော်မူ၏။-
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
ထိုအခါလဲရှနယ်သို့သွားရောက်စူးစမ်း ထောက်လှမ်းခဲ့သောလူငါးယောက်တို့က မိမိ တို့၏အပေါင်းအဖော်များအား``ဤအိမ်စု အနက်အိမ်တစ်လုံးတွင်ငွေဖြင့်မွမ်းမံထား သည့်ရုပ်တုတစ်ခုရှိသည်ကို သင်တို့သိကြ ပါ၏လော။ ထိုအိမ်တွင်အခြားရုပ်တုများ နှင့်သင်တိုင်းတော်တစ်ခုလည်းရှိ၏။ ငါတို့ အဘယ်သို့ပြုသင့်သည်ဟုသင်တို့ထင် မြင်ကြပါသနည်း'' ဟုမေး၏။-