Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 21:17

Common Language Bible

ငါ​သည်​လည်း​လက်​ခုပ်​တီး​မည်။ ထို​နောက်​ငါ ၏​အ​မျက်​တော်​ပြေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​၏'' ဟူ ၍​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား​ကို​ယ​ခု​နား​ထောင်​လော့။ ကိုယ်​တော်​က``ငါ​သည်​မိ​မိ​၏​ရန်​သူ​တည်း​ဟူ​သော​သင်​တို့​အား​လက်​စား​ချေ​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည်​ငါ့​ကို​အ​ဘယ်​သို့​မျှ​ဒုက္ခ​ပေး​နိုင်​ကြ​တော့​မည်​မ​ဟုတ်။-

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​မှ ထွက်​ခွာ​ခဲ့​ကြ​သော်​လည်း၊ မ​ကြာ​မီ​အ​ခါ​၌​ပင်​အ​ထံ​တော်​သို့​ပြန်​လာ​ရန် နောင်​တ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​ဆုံး​မ​တော်​မူ​ခြင်း​ကို​နား​လည်​ပြီး နောက် ကျွန်​တော်​မျိုး​တို့​သည်​ရင်​ကို​ထု​လျက် ဝမ်း​နည်း​ကြေ​ကွဲ​လျက်​နေ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ငယ်​စဉ်​အ​ခါ​က အ​ပြစ်​ပြု​ခဲ့​ကြ​သော​ကြောင့် အ​ရှက်​ရ​၍​အ​သ​ရေ​ပျက်​ရ​ကြ​ပါ​၏။'

ရန်​သူ​တို့​သည်​လက်​နက်​များ​ကို​စွဲ​ကိုင်​လျက် ငါ​တို့​အား​ဘေး​အန္တ​ရာယ်​ဝိုင်း​၍​နေ​သ​ဖြင့် ငါ တို့​သည်​ကျေး​လက်​များ​သို့​မ​ထွက်​ဝံ့။ လမ်း များ​ပေါ်​တွင်​လည်း​မ​လျှောက်​ဝံ့'' ဟု​ဆို​ကြ​၏။

ထို​နောက်​ငါ​သည်​အ​မျက်​ပြေ​၍​တည်​ငြိမ် လိမ့်​မည်။ နောက်​တစ်​ဖန်​အ​မျက်​ထွက်​တော့​မည် မ​ဟုတ်။ မ​နာ​လို​စိတ်​လည်း​ရှိ​တော့​မည်​မ​ဟုတ်။-

``အ​ချင်း​လူ​သား၊ ယ​ခု​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​လော့။ လက်​ခုပ်​တီး​လော့။ ထို​အ​ခါ​ဋ္ဌား တော်​ကို​နှစ်​ကြိမ်​သုံး​ကြိမ်​ဝှေ့​ယမ်း​လော့။ ထို ဋ္ဌား​သည်​သူ​သတ်​သော​ဋ္ဌား၊ ရက်​စက်​စွာ​သတ် ဖြတ်​သည့်​ဋ္ဌား​ဖြစ်​၏။ သူ​တို့​ကို​အ​ဘက်​ဘက် မှ​ဝိုင်း​ရံ​သတ်​ဖြတ်​လိမ့်​မည်။-

အ​ချင်း​ထက်​မြက်​သော​ဋ္ဌား၊ ဘယ်​ညာ​မ​ရွေး ခုတ်​ဖြတ်​လော့။ ဦး​တည်​ရာ​ခုတ်​ဖြတ်​လော့။-

ထာ​ဝရ​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

``ငါ​သည်​သင်​၏​မ​တ​ရား​စီး​ပွား​ရှာ​မှု အ​တွက်​အ​မျက်​ထွက်​လျက်၊ လက်​ဝါး​ချင်း ရိုက်​၍၊ လု​ယက်​သတ်​ဖြတ်​မှု​တို့​ကို​ရပ်​စဲ စေ​မည်။-

သင်​တို့​သည်​မိ​မိ​တို့​၏​ညစ်​ညမ်း​သော အ​ကျင့်​များ​နှင့်​ပြု​ခဲ့​သည့်​အ​မှား​များ ကို​ပြန်​လည်​သ​တိ​ရ​ကြ​လိမ့်​မည်။ မိ​မိ တို့​၏​အ​ပြစ်​များ​နှင့်​ဆိုး​ညစ်​မှု​များ အ​တွက်​သင်​တို့​သည်​မိ​မိ​ကိုယ်​ကို​စက် ဆုပ်​လာ​ကြ​လိမ့်​မည်။-

``သင်​သည်​ငါ​စိတ်​မ​ပြေ​မ​ချင်း​ငါ​၏ အ​မျက်​ဒေါ​သ​ဒဏ်​ကို​အ​ပြည့်​အ​ဝ​ခံ ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏ သစ္စာ​မဲ့​မှု​အ​တွက်​အ​မျက်​ထွက်​လျက် ဤ သို့​မိန့်​တော်​မူ​ကြောင်း​ကို သင်​သည်​ဤ​အ​မှု အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​သိ​ရှိ​နား​လည် လိမ့်​မည်။-

ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား၊``မြောက် အ​ရပ်​သို့​သွား​သည့်​မြင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပြေ​စေ​ကြ​လေ ပြီ'' ဟု​ပြော​၏။

ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​သည်​အ​မျက်​ထွက်​သ​ဖြင့် လက်​သီး​များ​ကို​ဆုပ်​လျက်​ဗာ​လမ်​အား``အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​သူ​တို့ ကို​သုံး​ကြိမ်​တိုင်​အောင်​ကောင်း​ချီး​ပေး​လေ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကြီး​ပွား တိုး​တက်​စေ​ရာ​၌​လည်း​ကောင်း၊ လူ​ဦး​ရေ တိုး​ပွား​များ​ပြား​စေ​ရာ​၌​လည်း​ကောင်း၊ နှစ်​သက်​အား​ရ​တော်​မူ​သည့်​နည်း​တူ​သင် တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရာ​၌​လည်း ကောင်း၊ အ​ကျိုး​နည်း​ဆုံး​ရှုံး​စေ​ရာ​၌ လည်း​ကောင်း နှစ်​သက်​အား​ရ​တော်​မူ​လိမ့် မည်။ သင်​တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​မှ သင်​တို့​အား​ထုတ်​ပယ်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ