ယေဇကျေလ 21:14Common Language Bible``အချင်းလူသား၊ ယခုဗျာဒိတ်တော်ကိုပြန် ကြားလော့။ လက်ခုပ်တီးလော့။ ထိုအခါဋ္ဌား တော်ကိုနှစ်ကြိမ်သုံးကြိမ်ဝှေ့ယမ်းလော့။ ထို ဋ္ဌားသည်သူသတ်သောဋ္ဌား၊ ရက်စက်စွာသတ် ဖြတ်သည့်ဋ္ဌားဖြစ်၏။ သူတို့ကိုအဘက်ဘက် မှဝိုင်းရံသတ်ဖြတ်လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
အရှင်ထာဝရဘုရားက``သင်တို့သည်ဣသ ရေလအမျိုးသားတို့ပြုခဲ့သည့်ဆိုးညစ် စက်ဆုပ်ဖွယ်ရာအမှုတို့ကြောင့် လက်နှစ်ဘက် ကိုရိုက်၍ခြေကိုဆောင့်ကာဝမ်းနည်းပူဆွေး လျက်ငိုကြွေးကြလော့။ သူတို့သည်စစ်ပွဲတွင် လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့်လည်းကောင်း သေရကြလိမ့်မည်။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။