Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 21:11

Common Language Bible

အ​ဆင်​သင့်​အ​သုံး​ပြု​နိုင်​စေ​ရန်​ထို​ဋ္ဌား​ကို ပြောင်​လက်​အောင်​တိုက်​ချွတ်​လျက်​ရှိ​၏။ လူ​သတ်​သ​မား​၏​လက်​သို့​အပ်​ရန် ယင်း​ကို​ထက်​အောင်​သွေး​ပြီး​လျှင် ပြောင်​လက်​အောင်​တိုက်​ချွတ်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို မော်​ဒ​ကဲ သိ​ရ​သော​အ​ခါ​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ပြီး​လျှင်​လျှော် တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​ပြာ​နှင့်​လူး​၏။ ထို နောက်​သူ​သည်​ပြင်း​ပြ​စွာ​ငို​ကြွေး​မြည်​တမ်း လျက် နန်း​တော်​အ​ဝင်​ဝ​သို့​ရောက်​သည်​တိုင် အောင်​မြို့​ကို​ဖြတ်​၍​လျှောက်​သွား​လေ​သည်။ မည်​သူ​မ​ဆို​လျှော်​တေ​ကို​ဝတ်​၍ နန်း​တွင်း သို့​မ​ဝင်​ရ​သော​ကြောင့်​သူ​သည်​နန်း​တွင်း သို့​မ​ဝင်​ချေ။-

ယ​ခု​ငါ့​အား​တစ်​ကိုယ်​တည်း​ပြင်း​ပြ​စွာ ငို​ကြွေး​ခွင့်​ပြု​ပါ​လော့။ ငါ​၏​လူ​အ​မြောက် အ​မြား​သေ​ကြေ​ပျက်​စီး​ကြ​ပြီ​ဖြစ်​၍ ငါ့​အား​နှစ်​သိမ့်​ရန်​မ​ကြိုး​စား​ပါ​နှင့်။-

ထို​နေ့​ရက်​ကျ​ရောက်​လာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ကွပ်​မျက်​တော်​မူ​သော​သူ​တို့​၏​အ​လောင်း များ​သည် ကမ္ဘာ​မြေ​ပြင်​တစ်​လျှောက်​လုံး​တွင်​ပျံ့​နှံ့ လျက်​နေ​လိမ့်​မည်။ သူ​တို့​အ​တွက်​အ​ဘယ်​သူ​မျှ ဝမ်း​နည်း​ပူ​ဆွေး​မှု​ပြု​လိမ့်​မည်​မ​ဟုတ်။ အ​လောင်း များ​ကို​လည်း​ယူ​၍​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ ယင်း​တို့​သည်​နောက်​ချေး​ပုံ​များ​ကဲ့​သို့​မြေ ပေါ်​တွင်​ရှိ​နေ​လိမ့်​မည်။

`ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-

သတ်​ဖြတ်​ရန်​အ​တွက်​ဋ္ဌား​ကို​ထက်​အောင် သွေး​ထား​ပြီး။ လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​စေ​ရန် တိုက်​ချွတ်​ထား​၏။ ငါ​၏​သား​ယု​ဒ​အုပ်​စိုး​သော​ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​နိုင်​မည်​မ​ဟုတ်။ ထို​ရာ​ဇ​လှံ​တံ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည်။

အ​ချင်း​လူ​သား၊ဝမ်း​နည်း​၍​အော်​ဟစ်​ငို ကြွေး​လော့။ ဤ​ဋ္ဌား​သည်​ငါ​၏​လူ​မျိုး​တော်​အ​တွက် ဣသ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း​တို့ အ​တွက်​ဖြစ်​၏။ သူ​တို့​သည်​ကျန်​ရှိ​နေ​သူ​ငါ​၏​လူ​မျိုး​တော်​ဝင် အ​ပေါင်း​နှင့်​အ​တူ​အ​သတ်​ခံ​ရ​ကြ​အံ့။ စိတ်​ပျက်​လက်​လျော့​လျက်​သင်​၏​ရင်​ကို​တီး ခတ်​လော့။

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​မင်း တိုက်​ခိုက်​ရန်​ဋ္ဌား​ကို​ကိုင်​၍ လာ​နိုင်​သည့်​လမ်း နှစ်​လမ်း​ကို​မှတ်​သား​လော့။ ထို​လမ်း​နှစ်​လမ်း စ​လုံး​ပင်​တိုင်း​ပြည်​တစ်​ခု​တည်း​မှ​အ​စ ပြု​ရ​မည်။ ထို​မြို့​သို့​ခွဲ​သွား​သည့်​လမ်း​ခွ တွင်​မှတ်​တိုင်​များ​စိုက်​ထား​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ