ယေဇကျေလ 20:47Common Language Bibleတောင်အရပ်မှသစ်တောအားအရှင်ထာဝရ ဘုရားကထာဝရဘုရား၏နှုတ်ကပတ် တော်ကိုနားထောင်လော့။ ငါသည်မီးမွှေးလျက် ရှိ၏။ ထိုမီးသည်သင်၏သစ်ပင်ခြောက်ရှိ သမျှနှင့်သစ်ပင်စိုရှိသမျှတို့ကိုကျွမ်း လောင်စေလိမ့်မည်။ မီးတောက်များကိုအဘယ် အရာမျှမငြိမ်းမသတ်နိုင်ရာ။ ထိုမီးသည် တောင်အရပ်မှမြောက်အရပ်သို့ပျံ့နှံ့သွား ကာ မြေတစ်ပြင်လုံးကိုကျွမ်းလောင်စေ လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ရှေးမဆွကပင်အာရှုရိဘုရင်ကိုမီးသင်္ဂြိုဟ် ရန် လောင်တိုက်ကိုပြင်ဆင်၍ထားခဲ့၏။ ထိုလောင် တိုက်သည်အစောက်နက်၍ကျယ်ဝန်း၏။ ထို အရပ်တွင်မြင့်မားသောထင်းပုံကြီးတစ် ခုလည်းရှိ၏။ ထာဝရဘုရားသည်ခံတွင်း တော်မှမီးလျှံကိုမှုတ်ထုတ်တော်မူ၍ ထို ထင်းပုံကိုမီးစွဲလောင်စေတော်မူလိမ့်မည်။
``ထိုသူတို့သည်မိမိတို့ပြည်များသို့ပြန် ကြသောအခါငါ့ကိုပုန်ကန်သူတို့၏ အလောင်းများကိုတွေ့မြင်ကြလိမ့်မည်။ ထိုအလောင်းများကိုဖျက်ဆီးသည့်လောက် ကောင်တို့သည်အဘယ်အခါ၌မျှသေကြ လိမ့်မည်မဟုတ်။ အလောင်းတို့ကိုလောင် လျက်နေသောမီးသည်လည်းအဘယ်အခါ ၌မျှငြိမ်းလိမ့်မည်မဟုတ်။ လူအပေါင်းတို့ သည်ထိုအချင်းအရာကိုမြင်၍စက်ဆုတ် ရွံရှာကြလိမ့်မည်။ ပရောဖက်ဟေရှာယစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ ဥပုသ်နေ့ကိုနေ့ထူးနေ့မြတ်အ ဖြစ်မစောင့်ထိန်းဘဲထိုနေ့၌ယေရုရှလင် မြို့တံခါးများကိုဖြတ်၍အဘယ်ဝန်ထုပ် ဝန်ပိုးကိုမျှမသယ်ဆောင်ရ။ အကယ်၍ သယ်ဆောင်ကြပါမူ ငါသည်ယေရုရှလင် မြို့တံခါးများကိုမီးရှို့တော်မူမည်။ ထို မီးသည်ယေရုရှလင်မြို့ရှိဘုံဗိမာန်များ ကိုကျွမ်းလောင်သွားစေလိမ့်မည်။ ယင်းကို အဘယ်သူမျှငြိမ်းသတ်နိုင်ကြလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဤပြည်တွင်ရှိသမျှသောသစ်ပင်တို့သည် သိရကြလိမ့်မည်။ ငါသည်သစ်ပင်မြင့်များကိုခုတ်လှဲ၍ သစ်ပင်ငယ်တို့ကိုမြင့်မားလာစေ၏။ စိမ်းလန်းသောအပင်တို့ကိုညှိုးနွမ်းခြောက်သွေ့စေ၍ သွေ့ခြောက်သောအပင်တို့ကိုစိမ်းလန်းလာ စေ၏။ ဤကားငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါသည်မိမိ၏စကားအတိုင်း ပြုမည်'' ဟူ၍တည်း။
ယင်း၏ပင်စည်ကိုမီးသင့်လောင်သဖြင့် အကိုင်းအခက်နှင့်အသီးများသည်လည်း လောင်ကျွမ်းသွားလေသည်။ ထိုအပင်၏အကိုင်းတို့သည်အဘယ်အခါ ၌မျှ ပြန်လည်ခိုင်ခံ့သန်မာလာကြတော့မည်မဟုတ်။ အဘယ်အခါ၌မျှရာဇလှံတံအဖြစ် အသုံးဝင်ကြတော့မည်မဟုတ်။ ဤကားစပ်ဆိုထားသည့်ငိုချင်းဖြစ်၏။ ထို ငိုချင်းကိုအဖန်တစ်လဲလဲသီဆိုကြ ရမည်။