ယေဇကျေလ 20:3Common Language Bibleကိုယ်တော်က``အချင်းလူသား၊ သင်သည်သူတို့ အား`သင်တို့သည်ငါ၏အလိုတော်ကိုစုံစမ်း မေးမြန်းရန်လာကြသလော။ ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်တို့မေးမြန်းစုံစမ်းမှုမှန်သမျှ ကိုလက်ခံမည်မဟုတ်။ ဤကားငါအရှင် ထာဝရဘုရား၏စကားဖြစ်၏' ဟုမိန့် တော်မူကြောင်းဆင့်ဆိုလော့။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ငါ၏တရားတော်ကိုလိုက်လျှောက် ကျင့်သုံးပါသည်ဟူ၍လည်ကောင်း၊ မှန်ကန်ရာ ကိုပြုကျင့်ပါသည်ဟူ၍လည်းကောင်းပြော ဆိုကာ ငါ့အားနေ့စဉ်ဝတ်ပြုကိုးကွယ်ကြ၏။ ငါ၏သွန်သင်ချက်များကိုသိရှိလိုကြ၏။ သူတို့သည်ငါ့ကိုကိုးကွယ်ဝတ်ပြုလိုကြ လျက် ငါ၏ထံတွင်တရားမျှတသည့်စည်း မျဉ်းဥပဒေသများကိုတောင်းခံကြ၏။
သင်တို့သည်ယနေ့တိုင်အောင်ပင်သူတို့ ဆက်သသည့်ပူဇော်သကာများကိုဆက် သလျက် ရုပ်တုများအားမိမိတို့၏သား သမီးများကိုမီးရှို့ပူဇော်ကာကိုယ့်ကိုယ် ကိုညစ်ညမ်းစေကြ၏။ အချင်းဣသရေလ အမျိုးသားတို့၊ သင်တို့သည်ငါ့ထံသို့ လာ၍ငါ၏အလိုတော်ကိုစုံစမ်းမေး မြန်းကြ၏။ ငါသည်အသက်ရှင်တော်မူ သောအရှင်ထာဝရဘုရားဖြစ်တော်မူ သည်နှင့်အညီ အဘယ်သို့မျှစုံစမ်းမေး မြန်းခွင့်ကိုသင်တို့အားပေးမည်မဟုတ်။-
ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့သည်မြို့တံတိုင်းများ အနီး၌သော်လည်းကောင်း၊ မိမိတို့အိမ် တံခါးဝများ၌သော်လည်းကောင်း တွေ့ဆုံ မိကြသောအခါသင်၏အကြောင်းကို ပြောဆိုနေကြ၏။ သူတို့ကထာဝရ ဘုရားအဘယ်သို့အမိန့်တော်ရှိသည်ကို ယခုငါတို့သွား၍နားထောင်ကြကုန် အံ့'' ဟု အချင်းချင်းပြောဆိုကြ၏။-