Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 20:15

Common Language Bible

သို့​ဖြစ်​၍​အ​သာ​ယာ​ဆုံး​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​နေ​သော​ပြည်​တည်း​ဟူ​သော ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့ သူ​တို့​အား​ပို့ ဆောင်​တော့​မည်​မ​ဟုတ်​ဟု​ငါ​သည်​တော ကန္တာ​ရ​တွင်​ကျိန်​ဆို​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​တော ကန္တာ​ရ​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​၏​သား​မြေး​များ​အား​ဘု​ရား​မဲ့​သူ​တို့ ထံ​တွင် ကွဲ​လွင့်​စေ​လျက်​တိုင်း​တစ်​ပါး​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ကြပ်​တည်း​စွာ သ​တိ​ပေး​တော်​မူ​၏။

ငါ​သည်​သူ​တို့​အား​အ​မျက်​ထွက်​သ​ဖြင့်``သင်​တို့ စိတ်​အေး​ချမ်း​သာ​စွာ​နေ​ထိုင်​ရ​မည့်​ပြည်​ကို သင်​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ဝင်​ရ​ကြ'' ဟု​ကျိန်​ဆို​၏။

သို့​ရာ​တွင်​ယင်း​သို့​ဖျက်​ဆီး​ပစ်​ပါ​မူ​နိုင်​ငံ တ​ကာ​ရှေ့​တွင် ငါ​၏​နာ​မ​တော်​အ​သ​ရေ ပျက်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ အား​အီ​ဂျစ်​ပြည်​မှ ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို လူ​မျိုး​တ​ကာ​တို့​မြင်​ခဲ့​ကြ​သော​ကြောင့် ဖြစ်​၏။-

ထို့​ကြောင့်​ငါ​သည်​သူ​တို့​အား​ကမ္ဘာ​အ​ရပ် ရပ်​သို့​ကွဲ​လွင့်​စေ​မည်​ဟု တော​ကန္တာ​ရ​တွင် ငါ​ကျိန်​ဆို​၏။-

သင်​တို့​အ​နက်​ပုန်​ကန်​သူ​များ​နှင့်​တော်​လှန် သူ​များ​ကို​ဖယ်​ရှား​ပစ်​မည်။ သူ​တို့​ကို​မိ​မိ တို့​ယ​ခု​နေ​ထိုင်​ရာ​ပြည်​များ​မှ​ထွက်​သွား စေ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သို့​ပြန် လာ​ခွင့်​ပြု​မည်​မ​ဟုတ်။ ထို​အ​ခါ​ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့ သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု ကျိန်​ဆို​က​တိ​ပြု​ထား​သည့်​ဣ​သ​ရေ​လ ပြည်​သို့ သင်​တို့​ကို​ငါ​ယူ​ဆောင်​လာ​သော အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-

သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။-

သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား တို့​အား​ရုပ်​တု​ကိုး​ကွယ်​မှု​တွင်​ဦး​စီး​ခေါင်း ဆောင်​ပြု​ကာ​အ​ပြစ်​ကူး​လွန်​စေ​ခဲ့​ကြ​သ​ဖြင့် အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည်​ဖြစ်​ကြောင်း​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ကျိန်​ဆို​၏။-

ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်`သူ​တို့​သည် အ​ဘယ်​အ​ခါ​၌​မျှ ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ခံ​စား​ရန်၊ြုပည်​တော်​သို့ ဝင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​ငါ​ကျိန်​ဆို​ခဲ့​၏။''

``သူ​တို့​သည်​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ​ရန် ပြည်​တော်​သို့​ဝင်​ခွင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ ငါ​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​ဘယ်​သူ​တို့ ကို​ရည်​ညွှန်း​၍​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ပါ​သ​နည်း။ ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​သူ​များ​ကို​ရည်​ညွှန်း​ခြင်း​ပင် မ​ဟုတ်​လော။-

သို့​ဖြစ်​၍​ယုံ​ကြည်​သူ​ငါ​တို့​သည် ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ငြိမ်​ဝပ်​ရာ ချမ်း​သာ​ကို​ရ​ရှိ​ကြ​ပေ​သည်။ ``ငါ​သည်​အ​မျက်​ထွက်​၍​ကျိန်​ဆို​လျက် ထို​သူ​တို့​အား ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ​ရန်​ပြည်​တော်​သို့ ဝင်​ခွင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ပင်​ဖြစ်​၏။ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍ ကိုယ်​တော်​သည်​မိ​မိ​လုပ်​ဆောင်​ရန်​အ​မှု ကိစ္စ​များ​ပြီး​ဆုံး​သွား​သော်​လည်း​ဤ​စ​ကား ကို​မိန့်​တော်​မူ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ