ယေဇကျေလ 2:8Common Language Bible``အချင်းလူသား၊ ငါမိန့်တော်မူသည်ကိုနား ထောင်လော့။ သူတို့ကဲ့သို့မပုန်ကန်နှင့်။ သင်၏ ခံတွင်းကိုဖွင့်၍ငါပေးမည့်အရာကိုစား လော့'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ကငါ့အား``အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ သင့်အားငါပြောသည်ကိုဂရုပြုနားထောင်၍ငါပြသည့်အရာမှန်သမျှကိုသေချာစွာမှတ်သားထားလော့။ အဘယ်ကြောင့်ဆိုသော်ငါသည်သင့်အား ထိုအရာများကိုပြရန်အတွက် ဤအရပ်သို့ဆောင်ယူလာခြင်းဖြစ်သောကြောင့်တည်း။ သင်သည်ဣသရေလအမျိုးသားတို့အားမိမိတွေ့မြင်ရသောအမှုအရာကိုပြောပြရမည်'' ဟုမိန့်တော်မူ၏။
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။