ယေဇကျေလ 18:6Common Language Bibleသူသည်ဣသရေလအမျိုးသားတို့ကိုးကွယ် သောရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိ ကိုးကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုမစား။ သူတစ်ပါး၏အိမ်ရာကို မပြစ်မှား။ ရာသီလာနေသောမိန်းမနှင့်လည်း မဆက်ဆံ။- အခန်းကိုကြည့်ပါ။ |
ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။-
လူသေကောင်တို့သည်ရုပ်တုများအကြား နှင့်ယဇ်ပလ္လင်များပတ်လည်၌လည်းကောင်း၊ မြင့်သောတောင်ကုန်းများနှင့်တောင်ထိပ်များ ၌လည်းကောင်း၊ စိမ်းလန်းသောသစ်ပင်များနှင့် ဝက်သစ်ချပင်ကြီးရှိသမျှအောက်၌လည်း ကောင်း၊ ရုပ်တုတို့အားနံ့သာပေါင်းကိုမီးရှို့ ပူဇော်ရာဌာနရှိသမျှတို့၌လည်းကောင်း ပျံ့နှံ့၍နေလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလူ အပေါင်းတို့သိရှိလာကြလိမ့်မည်။-