Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 18:3

Common Language Bible

``ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​သည်​နှင့်​အ​ညီ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဤ​စ​ကား​ပုံ​ကို​နောက်​တစ်​ဖန်​သုံး​စွဲ​ရ တော့​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အ​ဘယ်​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်`အ​ချိန်​သာ ကုန်​လွန်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကား​အ ကောင်​အ​ထည်​မ​ပေါ်​လာ' ဟူ​သော​စ​ကား​ပုံ ကို​အ​ဖန်​တ​လဲ​လဲ​သုံး​စွဲ​နေ​ကြ​သ​နည်း။-

ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရု​ရှ​လင်​မြို့၊ လူ တို့​သည်​သင်​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍`အ​မိ စ​ရိုက်​သ​မီး​လိုက်' ဟူ​သော​စ​ကား​ပုံ​ကို သုံး​စွဲ​ကြ​လိမ့်​မည်။-

ကိုယ်​တော်​က ``မိ​ဘ​တို့​စ​ပျစ်​ချဉ်​သီး​ကို​သုံး​ဆောင်​ခြင်း ကြောင့်၊ သား​သ​မီး​များ​သွား​ကျိန်း​ရ​ကြ​၏'' ဟူ​သော​စ​ကား​ပုံ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ထပ်​ကာ​ထပ်​ကာ​ပြော​ဆို​နေ​ကြ​ရာ ၌​အ​ဘယ်​သို့​ဆို​လို​သ​နည်း။''

``အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​သင်​တို့ တစ်​ဦး​စီ​အား​သင်​တို့​အ​သီး​သီး​ပြု​ခဲ့ ကြ​သည့်​အ​မှု​ကို​လိုက်​၍ တ​ရား​စီ​ရင်​တော် မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​၏။ သင်​တို့​သည် ပြု​ကျင့်​လျက်​နေ​သော​ဆိုး​ညစ်​မှု​အ​ပေါင်း မှ​ကြဉ်​ရှောင်​ကြ​လော့။ အ​ပြစ်​ဒု​စ​ရိုက်​က သင်​တို့​အား​မ​ပျက်​စီး​စေ​နှင့်။-

အ​ဖ​၏​အ​သက်​ကို​ငါ​ပိုင်​၏။ သား​၏​အ​သက် ကို​လည်း​ငါ​ပိုင်​၏။ လူ​တိုင်း​၏​အ​သက်​ကို ငါ​ပိုင်​၏။ သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန် သူ​ပင်​ဖြစ်​၏။

ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ