ယေဇကျေလ 18:18Common Language Bibleသူ၏ဖခင်မူကားလိမ်လည်လှည့်စား၍သူ တစ်ပါးတို့၏ဥစ္စာကိုအနိုင်အထက်လုယူ လျက် အစဉ်ပင်လူအပေါင်းအားဆိုးညစ်စွာ ပြုကျင့်သဖြင့်မိမိ၏အပြစ်များကြောင့် သေရ၏။ အခန်းကိုကြည့်ပါ။ |
``သို့ရာတွင်သင်တို့က`သားဖြစ်သူသည် အဘယ်ကြောင့်ဖခင်ပြုခဲ့သည့်အပြစ်များ ၏အကျိုးဆက်ကိုမခံရပါသနည်း' ဟု မေးကြ၏။ အဖြေကားသားသည်ကောင်းရာ မှန်ရာကိုပြုသူဖြစ်၏။ သူသည်ငါ၏ပညတ် တော်တို့ကိုစောင့်ထိန်း၍အသေအချာလိုက် နာ၏။ သို့ဖြစ်၍သူသည်မုချအသက်ရှင် လိမ့်မည်။-
သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
``သို့ရာတွင်ဖြောင့်မတ်သောသူသည်ကောင်း မှုကိုရပ်စဲ၍ သူယုတ်မာတို့ပြုကျင့်တတ် သည့်စက်ဆုတ်ဖွယ်ရာဆိုးညစ်မှုတို့ကို ပြုလျှင် သူသည်ဆက်လက်၍အသက်ရှင် မည်လော။ အသက်မရှင်ရ။ သူပြုခဲ့သည့် ကောင်းမှုကိုငါအမှတ်ရတော့မည်မဟုတ်။ သူသည်သစ္စာမဲ့မှုကြောင့်အပြစ်ရှိ၍ မိမိကူးလွန်ခဲ့သည့်အပြစ်များ အတွက်သေရလိမ့်မည်။