Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 17:6

Common Language Bible

အ​ပင်​ငယ်​သည်​ရွက်​နု​များ​ထွက်​လာ​ကာ​နိမ့် နိမ့်​နှင့်​အ​ကိုင်း​အ​ခက်​များ​ဖြာ​၍​ထွက်​လာ သော​စ​ပျစ်​နွယ်​ပင်​ဖြစ်​လာ​လေ​သည်။ ထို အ​ပင်​၏​အ​ကိုင်း​အ​ခက်​တို့​သည်​လင်း​ယုန် ငှက်​ရှိ​ရာ​သို့​တက်​လျက်​အ​မြစ်​များ​သည် လည်း​အောက်​သို့​နက်​စွာ​ဆင်း​သွား​ကြ​၏။ စ​ပျစ်​ပင်​သည်​အ​ကိုင်း​အ​ခက်​တို့​ဖြင့် ဝေ​ဆာ​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

နွေ​ဦး​ပေါက်​သော​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း သည်​ယေ​ခေါ​နိ​ကို​ဖမ်း​ဆီး​ပြီး​လျှင်​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​၏။ နန်း​တော်​ဘဏ္ဍာ များ​ကို​လည်း​သိမ်း​ယူ​သွား​လေ​သည်။ ထို နောက်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏ ဘ​ထွေး​တော် ဇေ​ဒ​ကိ​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ယေ​ရု ရှ​လင်​မြို့​တွင်​နန်း​တင်​တော်​မူ​၏။

ကိုယ်​တော်​ရှင်​သည်​အီ​ဂျစ်​ပြည်​မှ​စ​ပျစ်​ပင်​ကို ယူ​ဆောင်​တော်​မူ​ခဲ့​၍ အ​ခြား​အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​တော်​မူ ပြီး​လျှင် သူ​တို့​၏​ပြည်​တွင်​ထို​စ​ပျစ်​ပင်​ကို​စိုက်​ပျိုး တော်​မူ​ပါ​၏။

စ​ပျစ်​သီး​များ​ကို​မ​စု​သိမ်း​မီ၊ အ​ပွင့်​များ ကြွေ​၍​အ​သီး​များ​မှည့်​လာ​ချိန်​၌​သူ​သည် ဋ္ဌား​ဖြင့် စ​ပျစ်​ခက်​များ​ကို​အ​လွယ်​တ​ကူ လှီး​ဖြတ်​သ​ကဲ့​သို့​ဆူ​ဒန်​အ​မျိုး​သား​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ကြ​လိမ့်​မည်။-

ထို​နောက်​သူ​သည်​ဣသ​ရေ​လ​နိုင်​ငံ​တွင်​ရှိ​သည့် သစ်​စေ့​တစ်​စေ့​ကို​ယူ​၍ မိုး​မ​ခ​ပင်​ကဲ့​သို့ ပေါက်​နိုင်​ရန် ရေ​အ​စဉ်​ရ​၍​မြေ​ကောင်း​မြေ သန့်​ရှိ​ရာ​ကွင်း​တွင်​စိုက်​ပျိုး​၏။-

``ထို​အ​ရပ်​တွင်​အ​ခြား​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ​၏​အ​တောင်​များ​သည် သန်​မာ​၍ အ​မွေး​တို့​သည်​လည်း​ထူ​ထပ်​၏။ စ​ပျစ်​ပင်​သည်​ယ​ခု​မိ​မိ​တည်​ရာ​ဥ​ယျာဉ် မှ​နေ​၍ ရေ​များ​ကို​ပို​ရ​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​ကာ သူ​၏​ဘက်​သို့​အ​မြစ်​များ​ကို ထိုး​စေ​၍​အ​ရွက်​များ​ကို​လည်း​မျက်​နှာ မူ​စေ​၏။-

သင့်​အ​မိ​သည်​စမ်း​ချောင်း​အ​နီး​တွင်​စိုက်​ထား သည့် စ​ပျစ်​ပင်​နှင့်​တူ​၏။ ရေ​အ​လုံ​အ​လောက်​ရှိ​သ​ဖြင့်​ထို​အ​ပင်​သည် အ​သီး​အ​ရွက်​များ​နှင့်​ဝေ​ဆာ​၍​နေ​၏။

နိုင်​ငံ​တ​ကာ​တွင်​အ​သိမ်​ငယ်​ဆုံး​ဖြစ်​၍ အ​ခြား​နိုင်​ငံ​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ အုပ်​စိုး​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့ အား​အ​လွန်​သိမ်​ဖျင်း​စေ​မည်​ဖြစ်​၍ သူ​တို့ သည်​အ​ဘယ်​လူ​မျိုး​အ​ပေါ်​တွင်​မျှ​သြ ဇာ​အာ​ဏာ​လွှမ်း​မိုး​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-

ဂျုံ​ပင်​က​လေး​များ​ပေါက်​ပြီး​နောက်​ဂျုံ​နှံ​များ ထွက်​လာ​သော​အ​ခါ​ဂျုံ​ရိုင်း​ပင်​များ​လည်း​ပေါ် ထွက်​လာ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ