ယေဇကျေလ 17:23Common Language Bibleအမြင့်ဆုံးသောဣသရေလတောင်ပေါ်မှာ စိုက်မည်။ ထိုအပင်သည်အကိုင်းအခက်များထွက်၍ အသီးသီးကာ လှပတင့်တယ်သောအာရစ်ပင်ဖြစ်လာလိမ့်မည်။ ထိုအပင်၌ငှက်အမျိုးမျိုးတို့အသိုက် လုပ်ကြလိမ့်မည်။ အပင်ရိပ်တွင်လည်းခိုလှုံကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက် လျက် ရှိသည်ကိုလှည့်၍ကြည့်ပါလော့။ သင်၏အမျိုးသားတို့သည်စုရုံးလျက် မိမိတို့ပြည်သို့ပြန်လာနေကြ၏။ ငါသည်အသက်ရှင်တော်မူသည့်ဘုရား ဖြစ်တော်မူသည်နှင့်အညီ၊ သင်သည်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည့် မင်္ဂလာဆောင်သတို့သမီးကဲ့သို့မိမိ၏ အမျိုးသားများအတွက်ဂုဏ်ယူဝါကြွား ရလိမ့်မည်။
သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော်တည်း ဟူသောဣသရေလတောင်မြင့်ပေါ်တွင် သင်တို့ အားလုံးပင်ငါ့အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်ဟုငါအရှင်ထာဝရဘုရားမိန့်ဆို၏။ ငါ သည်သင်တို့အားနှစ်သက်လက်ခံမည်။ သင်တို့ ပူဇော်သောယဇ်များ၊ အကောင်းမြတ်ဆုံးသော ပူဇော်သကာများနှင့်သီးသန့်ဆက်ကပ်ထား သည့်အလှူဝတ္ထုများကိုငါတောင်းဆိုမည်။-
ထိုနောက်(ငါကိုးကွယ်သောဘုရား၏နာမည် ဖြစ်သည့်ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလသည်ငါ၏ရှေ့တော်သို့ ရောက်ရှိလာလေသည်။ သန့်ရှင်းမြင့်မြတ်သည့် ဘုရားတို့၏ဝိညာဉ်သည်သူ၏အတွင်း၌ ကိန်းအောင်းသဖြင့် ငါသည်သူ့အားငါအ ဘယ်သို့အိပ်မက်မြင်မက်သည်ကိုပြော ပြ၏။-
ငါကသူ့အား``ဗေဒင်ဆရာတို့၏အကြီး အမှူးဖြစ်သောဗေလတရှာဇာ၊ သင့်အတွင်း ၌သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့၏ဝိညာဉ် ကိန်းအောင်းကြောင်းကိုလည်းကောင်း၊ လျှို့ဝှက် ခက်ခဲသည့်အရာခပ်သိမ်းကိုသင်နားလည် ကြောင်းကိုလည်းကောင်းငါသိ၏။ အိပ်မက် တွင်ငါတွေ့မြင်ရသည့်ရူပါရုံအကြောင်း ကိုနားထောင်၍အနက်ကိုငါ့အားပြော ကြားပါလော့။
ဣသရေလပြည်သားတို့သည်ရုပ်တုများနှင့် အပြီးအပိုင်အဆက်ဖြတ်ကြလိမ့်မည်။ ငါသည်သူတို့၏ဆုတောင်းပတ္ထနာကိုနား ညောင်း၍ သူတို့ကိုစောင့်ရှောက်မည်။ ငါသည်အမြဲစိမ်းလန်းသောအပင်ကဲ့သို့ သူတို့ကိုကာကွယ်ထားမည်။ ငါသည်သူတို့အတွက်ကောင်းချီးမင်္ဂလာ အဖြာဖြာ စီးဆင်းရာဖြစ်တော်မူမည်။