ယေဇကျေလ 17:17Common Language Bibleဗာဗုလုန်စစ်သည်တို့သည်လူများကိုသတ် ခြင်းငှာ မြေကတုတ်များလုပ်၍ကျုံးမြောင်း များတူးကြသောအခါ အင်အားကြီးမား သောဖာရောဘုရင်၏တပ်မတော်ပင်လျှင် ယုဒမင်းအားအကူအညီပေးနိုင်မည် မဟုတ်။- အခန်းကိုကြည့်ပါ။ |
ဗာဗုလုန်အမျိုးသားတို့အားလူအချို့ သည်တိုက်ခိုက်ကြလိမ့်မည်။ ငါအမျက် ဒေါသထွက်၍ကွပ်မျက်မည့်လူတို့၏ အလောင်းများဖြင့် သူတို့သည်ဤမြို့ကို ပြည့်နှက်နေစေကြလိမ့်မည်။ မြို့သူမြို့ သားတို့ပြုကျင့်ခဲ့သည့်ဒုစရိုက်များ ကြောင့်ငါသည်ဤမြို့ကိုမျက်နှာလွှဲ တော်မူပြီ။-
ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် မိမိ၏စစ်သည်တပ် သားအပေါင်းတို့နှင့်အတူယေရုရှလင် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ၏။ သူတို့ သည်မြို့ပြင်တွင်တပ်စခန်းချ၍မြို့ပတ် လည်တွင်မြေကတုတ်များကိုဖို့လုပ်ကြ၏။-