ယေဇကျေလ 17:10Common Language Bibleထိုစပျစ်ပင်ကိုရွှေ့ပြောင်း၍စိုက်ပျိုးခဲ့လျှင် ထိုအပင်သည်ဆက်လက်ရှင်သန်နိုင်မည်လော။ ယင်းသည်အရှေ့လေတိုက်ခတ်သောအခါညှိုး နွမ်းခြောက်သွေ့သွားမည်မဟုတ်လော။ ယခု ပေါက်လျက်နေသည့်အရပ်၌ပင်ညှိုးနွမ်း ခြောက်သွေ့သွားမည်မဟုတ်လော'' ဟုမိန့် တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဇေဒကိသည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်ခြင်း ကိုခံရ၍ သူ့အားငါမစီရင်မချင်းထိုမြို့ တွင်နေရလိမ့်မည်။ သူသည်ဗာဗုလုန်အမျိုး သားတို့အားပြန်လှန်၍ပင်တိုက်ခိုက်စေကာ မူအောင်မြင်လိမ့်မည်မဟုတ်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏ ဟုမိန့်တော်မူကြောင်းအဘယ့်ကြောင့်ဟော ပြောကြေညာရသနည်း'' ဟုပြစ်တင် စွပ်စွဲ၏။
``သို့ဖြစ်၍ဤစပျစ်ပင်သည်ဆက်လက်၍ ရှင်သန်နိုင်မည်လော။ ထိုအပင်ကိုအမြစ်မှ ဆွဲနုတ်ပြီးလျှင် စပျစ်သီးများကိုချွေကာ အကိုင်းသစ်တို့ကိုလည်းချိုး၍ ညှိုးနွမ်း ခြောက်သွေ့သွားစေမည်မဟုတ်လော။ ထို အပင်ကိုနုတ်ပစ်ရန်ခွန်အားများစွာရှိရန် လူအလုံးအရင်းကိုလိုလိမ့်မည်မဟုတ် ဟုငါအရှင်ထာဝရဘုရားမိန့်တော် မူ၏။-
ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။
လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
သူတို့သည်အရှက်အကြောက်ကင်းမဲ့စွာ ပျော်ရွှင်သောက်စားလျက် သင်တို့၏မိတ်သဟာ ယပွဲများတွင်သင်တို့၏ဂုဏ်သိက္ခာကိုညစ် စွန်းစေကြ၏။ ထိုသူတို့ကားကိုယ်ကျိုးကို သာကြည့်တတ်သူများတည်း။ သူတို့သည် မိုးရေမပါဘဲ လေတိုက်ရာသို့လွင့်ပါသွား တတ်သောမိုးတိမ်နှင့်လည်းကောင်း၊ ဆောင်း ဦးကာလတွင်အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ထားသည့်နှစ်ပြန်သေသစ်ပင်နှင့် လည်းကောင်းတူကြ၏။-