ယေဇကျေလ 16:7Common Language Bibleအနာအဆာမရှိသည့်အပင်ငယ်ကဲ့သို့ရှင် သန်ကြီးပွားစေ၏။ သင်သည်သန်မာထွားကြိုင်း လာကာ အလှဆုံးရတနာကလေးဖြစ်လာ၏။ သင်၏ရင်သားများသည်ပြည့်ဖြိုးလျက်ဆံပင် မှာလည်းရှည်လာ၏။ သို့ရာတွင်သင်သည် အဝတ်အချည်းစည်းဖြစ်လျက်ပင်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသမီးတိုင်းကမိမိ၏ အီဂျစ်ပြည်သားအိမ်နီးချင်းတို့ထံမှသော် လည်းကောင်း၊ မိမိအိမ်မှာတည်းခိုသောအီဂျစ် အမျိုးသမီးတို့ထံမှ ရွှေ၊ ငွေ၊ လက်ဝတ်တန် ဆာနှင့်အဝတ်အထည်များကိုတောင်းယူကြ လိမ့်မည်။ သင်တို့သည်သင်တို့၏သားသမီး များအားထိုပစ္စည်းများဖြင့်တန်ဆာဆင်ပေး ကြခြင်းဖြင့်အီဂျစ်ပြည်သားတို့၏ဥစ္စာ ပစ္စည်းများကိုအပိုင်ရရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။