Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:59

Common Language Bible

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​သည်​သင်​၏ ကတိ​သစ္စာ​တို့​ကို​ပ​မာ​ဏ​မ​ပြု၊ ပ​ဋိ​ညာဉ် ကို​လည်း​ချိုး​ဖောက်​သ​ဖြင့် သင်​ခံ​ထိုက်​သည့် အ​ပြစ်​ကို​ငါ​ပေး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​ကို​ပစ်​ပယ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ကမ္ဘာ မြေ​ကြီး​ကို​ညစ်​ညမ်း​စေ​ကြ​၏။-

သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။

ငါ့​စ​ကား​ကို​နား​မ​ထောင်​သူ​မိ​မိ​တို့​ဘိုး ဘေး​များ​ပြု​ကျင့်​ခဲ့​သည့်​အ​ပြစ်​ဒု​စ​ရိုက် များ​ကို​ပင်​ပြန်​လည်​ပြု​ကျင့်​လျက်​နေ​ကြ လေ​ပြီ။ သူ​တို့​သည်​အ​ခြား​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လေ​ပြီ။ ဣသ​ရေ​လ​အ​မျိုး သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ​သည် ငါ​နှင့်​မိ​မိ​တို့​ဘိုး​ဘေး​များ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-

သင်​၏​ဒု​စ​ရိုက်​က​သင့်​ကို​ဒဏ်​ခတ်​လိမ့်​မည်။ သင်​၏​ဖောက်​ပြန်​မှု​က​သင့်​ကို​အ​ပြစ်​ဒဏ် ပေး​ပါ​လိမ့်​မည်။ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​သင် စွန့်​ပစ်​မှု၊ ငါ့​အား​မ​ကြောက်​မ​ရွံ့​တော့​ဘဲ​နေ​သော​အ​မှု​တို့​သည် အ​ဘယ်​မျှ​ဆိုး​ညစ်​မိုက်မဲ​သည်​ကို​သင်​သိ​ရှိ လာ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည်​စ​ကား​ပင်​တည်း။

သင်​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ သော ငါ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စွန့် ပစ်​၍ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ကြ​သ​ဖြင့် ဤ​သို့​ဖြစ်​ရ​ကြောင်း​ကို လည်း​အ​ချင်း​ချင်း​ပြန်​လည်​ပြော​ကြား ကြ​လိမ့်​မည်။

ထို​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​စဉ်​အ​ခါ က သူ​တို့​နှင့်​ငါ​ဖွဲ့​ခဲ့​သည့်​ပ​ဋိ​ညာဉ်​နှင့်​တူ လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့​၏​ခင်​ပွန်း သ​ဖွယ်​ဖြစ်​သော်​လည်း သူ​တို့​သည်​မိ​မိ​တို့ နှင့်​ငါ​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း ခဲ့​ကြ။-

``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား အ ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ကိုယ်​တော်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း သည်​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​၍ မိ​မိ​တို့ ရှေ့​တွင်​ကောက်​ကျစ်​သော​ထိ​မိ​၍​လဲ​စ​ရာ ကို​ချ​ထား​ပြီး​မှ ပ​ရော​ဖက်​ထံ​သို့​ချဉ်း ကပ်​၍​မေး​မြန်း​စုံ​စမ်း​မှု​ကို​ပြု​၏။ ထို​သူ အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဖြေ​ကြား​မည်။ ထို​အ​ဖြေ​ကား ထို​သူ​ကိုး​ကွယ်​သည့်​ရုပ် တု​များ​ရ​ထိုက်​သော​အ​ဖြေ​ဖြစ်​သည်။-

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​၏။ သူ​သည်​ငါ​ကျိန် ဆို​သည့်​သစ္စာ​ကို​မ​လေး​စား​ဘဲ ပ​ဋိ​ညာဉ် စာ​ချုပ်​ကို​ချိုး​ဖောက်​သည့်​အ​တွက်​သူ့​ခေါင်း ပေါ်​သို့​ငါ​ဒဏ်​ခတ်​မည်။-

``အို ဣ​သ​ရေ​လ​နိုင်​ငံ၊ သင်​ပျက်​သုဉ်း​ရာ​အ​ချိန် ကျ​ပြီ။ သင်​ပြု​ခဲ့​သော​အ​မှု​များ​အ​တွက် ငါ သည်​သင့်​အား​တ​ရား​စီ​ရင်​ပြီ​ဖြစ်​၍ သင်​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။ သင် ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​အ​ပေါင်း​၏ အ​ကျိုး​ဆက်​ကို​သင့်​အား​ငါ​ပေး​ဆပ်​မည်။-

ငါ​သည်​သင့်​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်၊ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ ဟုတ်။ သင်​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ အ​တွက် ငါ​သည်​သင့်​ကို​ဒဏ်​ပေး​မည်။ သို့​မှ​သာ လျှင်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​သင် သိ​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ခါ​အ​ပြည်​ပြည်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​က `ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ပြည် ကို​အ​ဘယ်​ကြောင့်​ဖျက်​ဆီး​ပစ်​တော်​မူ သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​မျှ​ကြောက်​မက် ဖွယ်​အ​မျက်​ထွက်​တော်​မူ​သ​နည်း' ဟု​မေး ကြ​လိမ့်​မည်။-

အ​ဖြေ​သည်​ကား`ထာ​ဝ​ရ​ဘု​ရား​သည် သူ တို့​၏​ဘိုး​ဘေး​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​အ​ခါ​၌ သူ​တို့​ဘိုး​ဘေး တို့​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သူ​တို့​ချိုး ဖောက်​သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ