Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:48

Common Language Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​၏​ညီ​မ​သော​ဒုံ​မြို့​နှင့်​သူ့​သ​မီး တို့​သည် သင်​နှင့်​သင့်​သ​မီး​များ​ပြု​ကျင့်​ခဲ့ သည့်​ဆိုး​ညစ်​မှု​မျိုး​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြု​မ​ကျင့်​ခဲ့​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

``သင်​၏​အစ်​မ​သည်​မိ​မိ​၏​သ​မီး​များ​နှင့် တ​ကွ နေ​ထိုင်​လျက်​ရှိ​သည့်​မြောက်​အ​ရပ်​တွင် ရှိ​သော​ရှ​မာ​ရိ​မြို့​ဖြစ်​၏။ သင့်​ညီ​မ​ကား မိ​မိ​၏​သ​မီး​များ​နှင့်​တ​ကွ​နေ​ထိုင်​လျက် ရှိ​သော​တောင်​အ​ရပ်​တွင်​ရှိ​သည့်​သော​ဒုံ​မြို့ ဖြစ်​၏။-

သင်​သည်​သူ​တို့​၏​ခြေ​ရာ​ကို​နင်း​လျက်​စက် ဆုပ်​ဖွယ်​ရာ​အ​ကျင့်​များ​ကို​ပြု​ကျင့်​ရုံ​ဖြင့် ကျေ​နပ်​ပါ​သ​လော။ မ​ကျေ​နပ်။ အ​ချိန်​အ​နည်း ငယ်​အ​တွင်း​သင်​သည်​သူ​တို့​ပြု​သ​မျှ​သော အ​မှု​အ​ပေါင်း​တို့​ထက်​ပို​မို​ဆိုး​ရွား​သော အ​မှု​ကို​ပြု​ကျင့်​ခဲ့​၏။-

ယ​ခု​သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား ရ​မည်။ သင့်​ညီ​အစ်​မ​များ​အ​တွက် တ​ရား​မျှ တ​မှု​အ​ချို့​ဆောင်​ရွက်​ခဲ့​ပြီ။ သင်​၏​အ​ပြစ် များ​သည်​သင့်​ညီ​အစ်​မ​တို့​၏​အ​ပြစ်​များ ထက် လွန်​စွာ​ပို​၍​ဆိုး​ရွား​သ​ဖြင့် သူ​တို့​သည် သင်​နှင့်​စာ​သော်​အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​၏။ ယင်း​သို့​မိ​မိ​၏​ညီ​အစ်​မ​တို့​အား အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့​ထင်​မှတ်​စေ​သော ကြောင့် သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား လော့'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ထို​မြို့​သူ​မြို့​သား​တို့​သည်​ငါ ၏​အ​မိန့်​များ​ကို​လွန်​ဆန်​လျက် အ​ခြား နိုင်​ငံ​သား​များ​ထက်​ပို​၍​ယုတ်​မာ​ကြ​ပြီ။ သူ​တို့​သည်​ပတ်​ဝန်း​ကျင်​ရှိ​တိုင်း​ပြည်​များ မှ​လူ​တို့​ထက်​ပင်​ပို​၍ ငါ​၏​ပ​ညတ်​တို့​ကို ပယ်​ကြ​လေ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​သည်​ငါ​၏​အ​မိန့်​များ​ကို​ပစ်​ပယ်​လျက် ငါ​၏​ပ​ညတ်​တော်​များ​ကို​လည်း​မ​စောင့် ထိန်း​ကြ။-

အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ထက်​ပို​၍ အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်။

သင်​တို့​ကို​လက်​မ​ခံ​သည့်​အ​ရပ်​တွင်​မ​နေ​ကြ​နှင့်။ သင်​တို့​ဟော​ပြော​သွန်​သင်​သည်​ကို​နား​မ​ထောင် သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လော့။ ထွက်​ခွာ သွား​သည့်​အ​ခါ​တွင်​သူ​တို့​ကို​သ​တိ​ပေး​သည့် အ​နေ​ဖြင့် သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့'' ဟု​မှာ​ကြား​တော်​မူ​၏။

ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား​သ​ခင်​သည်​ထို​မြို့​ထက်​ပို​၍​သော​ဒုံ မြို့​အား​က​ရု​ဏာ​ထား​တော်​မူ​လိမ့်​မည်။''

သင်​တို့​ဘိုး​ဘေး​များ​မ​နှိပ်​စက်​မ​ညှဉ်း​ဆဲ သည့်​ပ​ရော​ဖက်​ဟူ​၍ အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​သော အ​စေ​ခံ​ကြွ​လာ​တော်​မူ​မည့်​အ​ကြောင်း​ကို ကြို​တင်​ဟော​ကြား​ကြ​သည့်​ပ​ရော​ဖက်​များ ကို​သတ်​ဖြတ်​ခဲ့​ကြ​၏။ ယ​ခု​သင်​တို့​သည် ထို​အ​ရှင်​ကို​အပ်​၍​သတ်​ဖြတ်​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ