ယေဇကျေလ 16:43Common Language Bibleငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ကိုယ်တော်၌မဟာတန်ခိုးတော် ရှိတော်မူကြောင်းကိုလည်းကောင်း မိမိတို့အားရန်သူတို့လက်မှ ကိုယ်တော်ကယ်တော်မူခဲ့သောအချိန် ကာလကိုလည်းကောင်း၊ အီဂျစ်ပြည်ဇောနလွင်ပြင်တွင်အံ့သြဖွယ် အမှုအရာများနှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြ တော်မူ ခဲ့ကြောင်းကိုလည်းကောင်းသတိမရကြ။
သူတို့သည်ထိုအရပ်များတွင်ပြည်နှင်ဒဏ် ခံရသူများကဲ့သို့နေရကြလိမ့်မည်။ ထို အခါလွတ်မြောက်လာသူတို့သည်ငါ့ကို သတိရကြလိမ့်မည်။ မိမိတို့၏သစ္စာမဲ့ သောစိတ်နှလုံးဖြင့်ငါ့အားစွန့်ပယ်ကာ ရုပ်တု တို့ကိုငါ့ထက်ပို၍မြတ်နိုးကြသည့်အတွက် ငါသည်အဘယ်မျှဝမ်းနည်းကြောင်းသိရှိ နားလည်လာကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ပြုခဲ့သည့်ဆိုးညစ် ယုတ်မာမှုများအတွက် မိမိတို့ကိုယ်ကို စက်ဆုပ်ရွံရှာလာကြလိမ့်မည်။-
အကျွန်ုပ်တို့သည်မောရှေ၏ပညတ်တရား တွင် ဖော်ပြပါရှိသမျှသောအပြစ်ဒဏ် များကိုခံရကြပါ၏။ သို့ရာတွင်အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၊ ယခု အခါ၌ပင်လျှင်အကျွန်ုပ်တို့သည်ကိုယ် တော်နှစ်သက်တော်မူစေရန်ကြိုးစား၍ အပြစ်ဒုစရိုက်ကိုရှောင်ခြင်း၊ သမ္မာတရား တော်ကိုလိုက်လျှောက်ကျင့်သုံးခြင်းအမှု တို့ကိုမပြုမလုပ်ကြသေးပါ။-
အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားဒဏ်ပေးရန် အသင့်ရှိသည်အတိုင်းဒဏ်ပေးတော်မူပါ၏။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစဉ်ဖြောင့်မှန် ရာကိုပြုတော်မူတတ်သော်လည်း အကျွန်ုပ် တို့သည်ကိုယ်တော်၏စကားကိုနားမ ထောင်ခဲ့ကြသောကြောင့်ဖြစ်ပါ၏။
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် မနာစေနှင့်၊ အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော် သည် သင်တို့အားဘုရားသခင်ပိုင်တော်မူကြောင်း သက်သေခံတံဆိပ်အမှတ်အသားဖြစ်၍ နောက်ဆုံး သောနေ့ရက်၌သင်တို့သည်ကိုယ်တော်၏ကယ်တင် ခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်းအာမခံချက် ဖြစ်သောကြောင့်တည်း။-
သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။