ယေဇကျေလ 16:41Common Language Bibleသူတို့သည်သင်၏အိမ်များကိုမီးရှို့ကြ ပြီးလျှင် သင်အပြစ်ဒဏ်ခံရပုံကိုမြောက် မြားစွာသောအမျိုးသမီးတို့အားပြကြ လိမ့်မည်။ သင်၏ပြည့်တန်ဆာအလုပ်နှင့် ချစ်သူတို့အား လက်ဆောင်ပေးကမ်းမှုကို ငါရပ်စဲစေမည်။- အခန်းကိုကြည့်ပါ။ |
ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
ငါသည်သင်၏ရာဂစိတ်ကိုလည်းကောင်း၊ အီဂျစ် ပြည်တွင်သင်ငယ်ရွယ်စဉ်အခါမှစ၍ ပြုကျင့် ခဲ့သောဆိုးညစ်ယုတ်မာမှုကိုလည်းကောင်း ရပ်စဲစေမည်။ သင်သည်နောင်အဘယ်အခါ၌ မျှရုပ်တုများကိုမျှော်ကြည့်ရတော့မည်မ ဟုတ်။ အီဂျစ်ပြည်အကြောင်းကိုလည်းစဉ်း စားရတော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
သူတို့သည်နောက်တစ်ဖန်စက်ဆုပ်ဖွယ်ရာ ရုပ်တုများအားဖြင့်မိမိတို့ကိုမညစ် ညမ်းစေရ။ အပြစ်ကူးလွန်မှုအားဖြင့် စာရိတ္တမပျက်စီးရ။ ငါသည်သူတို့အား အပြစ်ဒုစရိုက်နှင့်ဖောက်ပြန်မှုအမျိုး မျိုးမှကယ်တင်၍စင်ကြယ်စေမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်၍ငါသည် လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။-
ထိုအခါငါသည်ဤပြည်တွင်ရှိသည့် ရုပ်တုတို့၏နာမည်နာမများကို သုတ်သင် ပယ်ရှင်းမည်ဖြစ်၍ယင်းတို့ကိုနောက်တစ် ဖန်အဘယ်သူမျှအမှတ်ရကြတော့မည် မဟုတ်။ မိမိကိုယ်ကိုပရောဖက်ဖြစ်သည် ဟုဆိုသောသူမှန်သမျှကို ငါဖျောက်ဖျက် ပစ်မည်။ ရုပ်တုဝတ်ပြုကိုးကွယ်လိုသည့် ဆန္ဒကိုလည်းဖယ်ရှားပစ်မည်။-
ထိုမြို့သားတို့ပိုင်သောပစ္စည်းဥစ္စာရှိသမျှတို့ ကို မြို့စျေးကွက်တွင်စုပုံရမည်။ ထို့နောက်မြို့ နှင့်တကွပစ္စည်းရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားအားပူဇော်သကာ အဖြစ်မီးရှို့ရမည်။ ထိုမြို့ကိုအသစ်တစ်ဖန် မတည်မဆောက်ရ။ မြို့ပျက်အဖြစ်အစဉ် တည်ရှိစေရမည်။-
မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။