ယေဇကျေလ 16:37Common Language Bibleဤအကြောင်းကြောင့်ငါသည်သင်နှစ်သက် သောသင်၏ချစ်သူများကိုစုဝေးစေပြီး နောက် သင်ချစ်သူမုန်းသူအားလုံးကိုစု ဝေးစေပြီးလျှင်သင့်အားဝန်းရံ၍နေစေ မည်။ ထိုနောက်သင်၏အဝတ်များကိုချွတ် ၍ သင်အဝတ်အချည်းစည်းဖြစ်နေပုံ ကိုပြမည်။- အခန်းကိုကြည့်ပါ။ |
အကယ်၍သင်တို့က``ဤအမှုအရာသည် အဘယ်ကြောင့်ဖြစ်ပျက်ရပါမည်နည်း။ ငါ တို့၏အဝတ်များသည်အဘယ်ကြောင့်စုတ် ပြတ်သွားရပါသနည်း။ ငါတို့သည်အဘယ် ကြောင့်အနှောင့်အယှက်ခံရကြပါသနည်း'' ဟူ၍မေးပါမူ``သင်တို့၏အပြစ်သည် ကြောက်လန့်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်'' ဟုဖြေကြားရပေမည်။-
အို ယေရုရှလင်မြို့၊သင်သည်အမင်္ဂလာ ရှိပါသည်တကား။ သင်သည်အဘယ်ကြောင့်နီးမြန်းသည့်အဝတ် ကို ဝတ်ဆင်ထားသနည်း။ အဘယ်ကြောင့်ကျောက်မျက်ရတနာများကို ဆင်ယင်၍ သင်၏မျက်လုံးများကိုခြယ်လှယ်ထားသနည်း။ သင်သည်မိမိကိုယ်ကိုအကြောင်းမဲ့အလှ ပြင်၍ ထားပါသည်တကား။ သင်၏ချစ်သူတို့သည်သင့်ကိုပစ်ပယ်လိုက်ကြ လေပြီ။ သူတို့သည်သင့်ကိုသတ်လိုကြ၏။