Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:30

Common Language Bible

အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``သင် သည်​စိတ်​အ​လွန်​ပျော့​၍ အ​ရှက်​မ​ရှိ​သည့် ပြည့်​တန်​ဆာ​ကဲ့​သို့​ဤ​အ​မှု​အ​ရာ​တို့​ကို ပြု​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ကိုယ်​တော်​အား​သစ္စာ​မ​စောင့်​ကြ။ ကိုယ်​တော်​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​လည်း မ​စောင့်​မ​ထိန်း။

ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊

မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။

ကျွဲ​နွား​များ​သည်​မိ​မိ​တို့​ပိုင်​ရှင်​ကို​သိ​ကြ​၏။ မြင်း​များ​သည်​လည်း​မိ​မိ​တို့​သ​ခင်​၏​မြင်း​စောင်း၊ မိ​မိ​တို့​သ​ခင်​အ​စာ​ကျွေး​ရာ​အ​ရပ်​တို့​ကို​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထို​မျှ​ပင်​မ​သိ​ကြ။ သူ​တို့​သည်​အ​သိ​ပ​ညာ​ခေါင်း​ပါး​ကြ​ပါ​သည်​တ​ကား'' ဟု​မိန့်​တော်​မူ​ပါ​၏။

သူ​တို့​၏​မျက်​နှာ​အ​မူ​အ​ရာ​က​သူ​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​ဖော်​ပြ​သက်​သေ​ခံ​လျက် ရှိ​ပေ​သည်။ သော​ဒုံ​မြို့​မှ​လူ​များ​ကဲ့​သို့​သူ တို့​သည်​အ​ပြစ်​ကို​ပေါ်​လွင်​ထင်​ရှား​စွာ​ပြု ကြ​၏။ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​သူ​တို့ ကိုယ်​တိုင်​ပင်​ဖန်​တီး​ပေး​ကြ​လေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​တစ်​စုံ​တစ် ယောက်​သည် မိ​မိ​၏​ဇ​နီး​ကို​ကွာ​ရှင်း​လိုက် သော​အ​ခါ ထို​အ​မျိုး​သ​မီး​သည်​သူ​၏​ထံ မှ​ထွက်​ခွာ​၍​အ​ခြား​အ​မျိုး​သား​တစ်​ဦး နှင့်​အိမ်​ထောင်​ပြု​၏။ ထို​အ​ခါ​ပ​ထ​မ​ခင်​ပွန်း သည်​မိ​မိ​၏​ဇ​နီး​ဟောင်း​ကို​တစ်​ဖန်​ပြန်​၍ မ​သိမ်း​မ​ယူ​အပ်။ ပြန်​၍​သိမ်း​ယူ​ခဲ့​သော်​ထို တိုင်း​ပြည်​သည်​လုံး​ဝ​ညစ်​ညမ်း​၍​သွား​ပေ မည်။ သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ၊ သင်​သည် ချစ်​သူ​အ​မြောက်​အ​မြား​ထား​ပြီး​မှ ယ​ခု ငါ့​ထံ​သို့​ပြန်​၍​လာ​လို​သည်​တ​ကား။-

ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​မိုး​ဦး​ကို​ခေါင် စေ​၍ မိုး​နှောင်း​ကို​လည်း​မ​ရွာ​ဘဲ​နေ​စေ​ခြင်း ဖြစ်​၏။ သင်​သည်​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင် လျက်​ရှိ​၏။ သင်​၌​အ​ရှက်​အ​ကြောက်​မ​ရှိ တော့​ပေ။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​သည် မိုက်​မဲ​ထုံ​ထိုင်း​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​မ​သိ ကြ။ သူ​တို့​သည်​က​လေး​မိုက်​များ​နှင့်​တူ​၏။ သူ​တို့​တွင်​အ​သိ​ပ​ညာ​မ​ရှိ။ သူ​တို့​သည်​ဒု​စ​ရိုက်​ပြု​ရာ​တွင် ကျွမ်း​ကျင်​ကြ​သော်​လည်း​သု​စ​ရိုက်​ကို​မူ မ​ပြု​တတ်​ကြ'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​သင်​သည်​ကုန်​သည်​နိုင်​ငံ​ဖြစ်​သည့် ဗာ​ဗု​လုန်​ပြည်​မှ​အ​မျိုး​သား​တို့​နှင့်​လည်း မှား​ယွင်း​ပြန်​၏။ သို့​ရာ​တွင်​သင်​၏​အ​လို မ​ပြည့်​နိုင်​သေး'' ဟု​မိန့်​တော်​မူ​၏။

ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​ခြား​သော​လူ မျိုး​များ​ကဲ့​သို့​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို​မ ကျင်း​ပ​ကြ​နှင့်။ သင်​တို့​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ကြ​ပြီ။ သင် တို့​သည်​တိုင်း​ပြည်​တစ်​ဝှမ်း​လုံး​တွင် မိ​မိ ကိုယ်​ကို​ပြည့်​တန်​ဆာ​အ​ဖြစ်​ဗာ​လ​ဘု​ရား ထံ​ရောင်း​စား​ကြ​ပြီ။ သီး​ထွက်​ကောင်း​မှု များ​သည်​ဗာ​လ​ဘု​ရား​ကြောင့်​ရ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ