Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:28

Common Language Bible

``အ​လို​မ​ပြည့်​နိုင်​သ​ဖြင့်​သင်​သည်​အာ​ရှု​ရိ အ​မျိုး​သား​တို့​နှင့်​မှား​ယွင်း​ပြန်​၏။ သို့​ရာ တွင်​သင်​၏​အ​လို​မ​ပြည့်​နိုင်​သေး။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​ခတ်​မင်း​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​ထံ​သို့``အ​ကျွန်ုပ်​သည် အ​ရှင်​၏​သစ္စာ​တော်​ခံ၊ အ​စေ​ခံ​တစ်​ဦး​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက်​နေ​သူ ရှု​ရိ​ဘု​ရင်​နှင့် ဣသ​ရေ​လ​ဘု​ရင်​တို့​လက်​မှ ကယ်​တော်​မူ​ပါ'' ဟု​သ​ဝဏ်​လွှာ​ရေး​၍​သံ တ​မန်​များ​စေ​လွှတ်​ပေး​ပို့​လိုက်​၏။-

``မ​နာ​ရှေ​သည်​ဤ​စက်​ဆုတ်​ဖွယ်​ကောင်း​သော အ​မှု​တို့​ကို​ပြု​လေ​ပြီ။ ခါ​နာန်​အ​မျိုး​သား တို့​ပြု​သော​အ​မှု​များ​ထက်​ပင် လွန်​စွာ​ပို​မို ဆိုး​ရွား​သည့်​အ​မှု​တို့​ကို​ပြု​လေ​ပြီ။ သူ​သည် မိ​မိ​၏​ရုပ်​တု​များ​အား​ဖြင့် ယု​ဒ​ပြည်​သူ တို့​အား​အ​ပြစ်​ကူး​လွန်​စေ​ရန်​ရှေ့​ဆောင် လမ်း​ပြ​၏။-

ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ကို​တစ်​ဖန် လာ​ရောက်​တိုက်​ခိုက်​ကာ သုံ့​ပန်း​အ​မြောက်​အမြား ကို​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သ​ဖြင့် အာ​ခတ်​မင်း သည်​အာ​ရှု​ရိ​ဘု​ရင်​ထံ​အ​ကူ​အ​ညီ​တောင်း ခံ​လေ​သည်။-

သူ​သည်​မိ​မိ​အား​နှိမ်​နင်း​ခဲ့​သည့်​အာ​ရှု​ရိ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော် လေ​၏။ သူ​က``အာ​ရှု​ရိ​ဘု​ရား​တို့​သည် အာ​ရှု​ရိ​ဘု​ရင်​များ​ကို​ကူ​မ​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​အား​ငါ​ယဇ်​ပူ​ဇော်​ပါ​က သူ​တို့​သည် ငါ့​ကို​လည်း​ကူ​မ​ကောင်း​ကူ​မ ကြ​လိမ့်​မည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​အ​မှု တို့​သည် သူ​နှင့်​သူ​၏​ပြည်​သူ​တို့​အ​ပေါ် သို့​ဘေး​အန္တရာယ်​ဆိုက်​ရောက်​စေ​လေ​သည်။-

ယ​ခု​သင်​သည်​နိုင်း​မြစ်​ရေ​သောက်​ရန်​အီ​ဂျစ်​ပြည်​သို့ သွား​ခြင်း​ဖြင့်​အ​ကျိုး​ရှိ​မည်​ဟု​ထင်​သ​လော။ ဥ​ဖ​ရတ်​မြစ်​ရေ​သောက်​ရန်​အာ​ရှု​ရိ​ပြည်​သို့ သွား​ခြင်း​ဖြင့်​အ​ကျိုး​ရှိ​မည်​ဟု​ထင်​သ​လော။

သင်​တို့​သည်​အ​ခြား​နိုင်​ငံ​ဘု​ရား​များ​ဆည်း ကပ်​သော​အား​ဖြင့်၊ မိ​မိ​ကိုယ်​ကို​တန်​ဖိုး​ကျ စေ​သည့်​အာ​ရှု​ရိ​ပြည်​သည်​သင့်​အား​အ​ကူ အ​ညီ​ပေး​ရန်​ပျက်​ကွက်​သ​ကဲ့​သို့ အီ​ဂျစ် ပြည်​သည်​လည်း​ပျက်​ကွက်​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​တစ်​စုံ​တစ် ယောက်​သည် မိ​မိ​၏​ဇ​နီး​ကို​ကွာ​ရှင်း​လိုက် သော​အ​ခါ ထို​အ​မျိုး​သ​မီး​သည်​သူ​၏​ထံ မှ​ထွက်​ခွာ​၍​အ​ခြား​အ​မျိုး​သား​တစ်​ဦး နှင့်​အိမ်​ထောင်​ပြု​၏။ ထို​အ​ခါ​ပ​ထ​မ​ခင်​ပွန်း သည်​မိ​မိ​၏​ဇ​နီး​ဟောင်း​ကို​တစ်​ဖန်​ပြန်​၍ မ​သိမ်း​မ​ယူ​အပ်။ ပြန်​၍​သိမ်း​ယူ​ခဲ့​သော်​ထို တိုင်း​ပြည်​သည်​လုံး​ဝ​ညစ်​ညမ်း​၍​သွား​ပေ မည်။ သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ၊ သင်​သည် ချစ်​သူ​အ​မြောက်​အ​မြား​ထား​ပြီး​မှ ယ​ခု ငါ့​ထံ​သို့​ပြန်​၍​လာ​လို​သည်​တ​ကား။-

သို့​ဖြစ်​၍​သင်​သည်​ကုန်​သည်​နိုင်​ငံ​ဖြစ်​သည့် ဗာ​ဗု​လုန်​ပြည်​မှ​အ​မျိုး​သား​တို့​နှင့်​လည်း မှား​ယွင်း​ပြန်​၏။ သို့​ရာ​တွင်​သင်​၏​အ​လို မ​ပြည့်​နိုင်​သေး'' ဟု​မိန့်​တော်​မူ​၏။

ထို​ရုပ်​တု​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ကြီး အား​ဆက်​သ​ရန်​ထို​ပြည်​သို့​ယူ​ဆောင်​သွား ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ဤ​ရုပ်​တု​ကို​ယုံ​ကြည်​ကိုး​စား​မိ​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗာ​လ ဘု​ရား၊ မော​ဘ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ အမ္မုန်​ဘု​ရား၊ ဖိ​လိတ္တိ ဘုရား​တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​နောက်​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပစ်​ပယ်​၍ ကိုယ်​တော်​ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​တော့​ချေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ