Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 16:12

Common Language Bible

နှာ​ခေါင်း​အ​တွက်​နှာ​ဆွဲ​များ၊ နား​အ​တွက် နား​တောင်း​များ​နှင့်​သင်​ဆောင်း​ရန် လှ​ပ သော​သ​ရ​ဖူ​ကို​လည်း​ကောင်း​ငါ​ပေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​က`သင်​သည်​မည်​သူ​၏​သ​မီး​ဖြစ်​သ​နည်း' ဟု​မေး​သော်​သူ​က`ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သ​မီး​ဖြစ်​ပါ​သည်' ဟု​ဖြေ​ပါ​သည်။ ထို​အ​ခါ​ကျွန်ုပ်​သည်​သူ​၏​နှာ ခေါင်း​တွင်​နှာ​ဆွဲ​ကို​လည်း​ကောင်း၊ လက်​တွင်​လက် ကောက်​များ​ကို​လည်း​ကောင်း​ဝတ်​ဆင်​ပေး​ပါ သည်။-

ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ် သွယ်ကိုလည်း လုပ်၍ ပေးဦးမည်။

အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေ စဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​ခဲ့​သည့်​မိ​မိ​၏​လူ​မျိုး​တော် အ​တွက် ဘုန်း​အ​သ​ရေ​တောက်​ပ​သော​ဦး​ရစ် သ​ရ​ဖူ​သ​ဖွယ် ဖြစ်​တော်​မူ​မည့်​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-

နား​ဆွဲ​များ၊ လက်​ကောက်​များ၊ သူ​တို့​၏ မျက်​နှာ​ဖုံး​ဇာ​ပု​ဝါ​များ၊ ဦး​ထုပ်​များ၊-

လက်​မောင်း​ပတ်၊ ခါး​ပတ်​လက်​ဖွဲ့​များ၊ လက်​စွပ် များ၊ နှာ​ဆွဲ​များ၊ ကောင်း​သော​ဝတ်​လုံ​များ၊ အ​ပေါ်​အ​င်္ကျီ​ရှည်​များ၊ ဂါ​ဝန်​များ၊ ပိုက်​ဆံ အိတ်​များ၊ ပါး​လွှာ​သော​အ​ဝတ်​တန်​ဆာ​များ၊ ပိတ်​ချော​လက်​ကိုင်​ပု​ဝါ​များ၊ ခေါင်း​အုပ်​ဇာ ပု​ဝါ​များ​ကို​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ဘု​ရင်​နှင့်​သူ့ မယ်​တော်​၏​လှ​ပ​သော​သ​ရ​ဖူ​များ​သည် မိ​မိ တို့​ဦး​ခေါင်း​မှ​ပြုတ်​ကျ​ပြီ​ဖြစ်​၍ သူ​တို့ အား​မိ​မိ​တို့​၏​ရာ​ဇ​ပလ္လင်​များ​မှ​ဆင်း ကြ​ရန်​ပြော​ကြား​လော့။-

ငါ​သည်​သင့်​အား​အ​လွန်​လှ​ပ​အောင်​ပြု လုပ်​ဆင်​မြန်း​ပေး​သ​ဖြင့် သင်​သည်​ခြောက် ပြစ်​ကင်း​သော​အ​ဆင်း​ကို​ဆောင်​၏။ ယင်း သို့​သင်​၏​အ​ဆင်း​လှ​မှု​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ကျော်​ကြား​လေ​၏'' ဟူ ၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

သင်​သည်​ငါ​ပေး​သည့် ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ​အ​ချို့​ကို​လည်း​ယူ​၍ ယောကျာ်း ရုပ်​ပွား​များ​ပြု​လုပ်​ပြီး​လျှင်​ယင်း​တို့ နှင့်​မှား​ယွင်း​၏။-

ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။ သင်​၏​ရာ​ဇ​သ​ရ​ဖူ​နှင့် ဦး​ရစ်​ကို​ချွတ်​လိုက်​လော့။ အ​ခြေ​အ​နေ​အား လုံး​ပြောင်း​လဲ​သွား​လေ​ပြီ။ ဆင်း​ရဲ​သူ​တို့ အား​တန်​ခိုး​အာ​ဏာ​ပေး​အပ်​၍ တန်​ခိုး အာ​ဏာ​ရှိ​သူ​တို့​ကို​နိမ့်​ကျ​စေ​အံ့။-

ပျော်​ရွှင်​မြူး​တူး​နေ​သော​လူ​တစ်​စု​၏​အ​သံ ကို​ကြား​ရ​၏။ ဤ​လူ​စု​သည်​တော​ကန္တာ​ရ​မှ ခေါ်​ဆောင်​လာ​သူ​များ​ဖြစ်​၏။ သူ​တို့​သည် အ​မျိုး​သ​မီး​တို့​၏​လက်​မောင်း​တွင် လက်​ကောက် များ​ကို​ဝတ်​ပေး​၍​လှ​ပ​သော​သ​ရ​ဖူ​များ ကို​ဆောင်း​ပေး​ကြ​၏။-

သူ​သည်​ငါ့​ကို​မေ့​လျော့​ပြီး​လျှင်​ဗာ​လ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော် လျက် ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဝတ်​ဆင်​၍ ချစ်​သူ​များ​နောက်​သို့​လိုက်​သည့်​အ​ခါ​များ အ​တွက်​သူ့​အား​ငါ​ဒဏ်​ခတ်​မည်။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ