ယေဇကျေလ 15:7Common Language Bibleအပြစ်ဒဏ်ခတ်မည်။ သူတို့သည်မီးဘေး တစ်ခုမှလွတ်မြောက်ခဲ့ကြသော်လည်း ယခု အခါ၌အခြားမီးဘေးတစ်ခုသင့်ကြ လိမ့်မည်။ ထိုသူတို့အပြစ်ဒဏ်ခံရကြ သောအခါ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အို ဣသရေလအမျိုးသားတို့၊ ငါသည်ငါ ၏နာမတော်ကိုထောက်၍ မိမိ၏အသရေ ကိုကာကွယ်ရန်သင်တို့၏ယုတ်မာဆိုးညစ် ဖောက်ပြန်သောအကျင့်များအလျောက် သင် တို့ကိုမစီရင်သောအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကား အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။