ယေဇကျေလ 15:2Common Language Bibleကိုယ်တော်က``အချင်းလူသား၊ စပျစ်ပင်သည် သာမန်သစ်ပင်နှင့်အဘယ်သို့ခြားနားသနည်း။ စပျစ်နွယ်သားသည်တောမှသစ်ပင်များ၏ သစ်ကိုင်းများနှင့်အသုံးဝင်ပုံမည်သို့ခြား နားသနည်း။- အခန်းကိုကြည့်ပါ။ |
အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။