Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 14:23

Common Language Bible

သင်​သည်​သူ​တို့​၏​ပြု​မူ​လုပ်​ဆောင်​ချက် များ​ကို​မြင်​သော​အ​ခါ ငါ​သည်​အ​ဘယ် အ​မှု​ကို​မျှ​အ​ကြောင်း​မဲ့​ပြု​တော်​မ​မူ တတ်​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​နား​လည် လာ​လိမ့်​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အ​ပြစ်​ဒဏ် ပေး​တော်​မူ​သည်​မှာ​တ​ရား​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​လွန်​ခဲ့​ကြ​သော် လည်း ကိုယ်​တော်​သည်​သစ္စာ​စောင့်​တော်​မူ​ပါ​၏။

သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊

စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဇရက်သည် လည်း ပျံသွားသကဲ့သို့၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ်။

ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

သင်​သည်​မိ​မိ​ကိုယ်​ကို​ရှက်​လိမ့်​မည်။ သင်​၏ အ​သ​ရေ​ပျက်​မှု​သည်​သင့်​ညီ​အစ်​မ​တို့​အား မိ​မိ​တို့​အ​ဘယ်​မျှ​ကောင်း​စား​လာ​ကြောင်း ထင်​ပေါ်​စေ​လိမ့်​မည်။-

ထို​အာ​ရစ်​ပင်​ကို​မရ​ဏာ​နိုင်​ငံ​သို့​ငါ​ဆင်း သက်​စေ​သော​အ​ခါ ယင်း​ပြို​လဲ​သည့်​အ​သံ ကြောင့်​လူ​မျိုး​တ​ကာ​တို့​သည်​တုန်​လှုပ်​သွား ကြ​လိမ့်​မည်။ ထို​အ​ခါ​မြေ​အောက်​ကမ္ဘာ​သို့ ရောက်​ရှိ​နေ​ကြ​သော​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင် ရှိ​သ​မျှ​နှင့်​လေ​ဗ​နုန်​တော​မှ​ရေ​အ​ဝ​သောက် ရ​သော​အ​ကောင်း​ဆုံး​လက်​ရွေး​စင်​သစ်​ပင် များ​သည်​နှစ်​ထောင်း​အား​ရ​ကြ​လိမ့်​မည်။-

မင်း​ကြီး​သည်​ညည်း​တွား​မြည်​တမ်း​လျက်​နေ လိမ့်​မည်။ မင်း​သား​သည်​လည်း​မျှော်​လင့်​ရာ​မဲ့ ဖြစ်​၍​နေ​လိမ့်​မည်။ ပြည်​သူ​တို့​ကား​ကြောက် လန့်​တုန်​လှုပ်​လျက်​နေ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သ​မျှ​သော​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ပေး​မည်။ သင်​တို့​သူ တစ်​ပါး​အား​တ​ရား​စီ​ရင်​ခဲ့​ကြ​သည်​နည်း တူ သင်​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ဒဏ်​ပေး​ရန် အ​သင့်​ရှိ​သည်​အ​တိုင်း​ဒဏ်​ပေး​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​ဖြောင့်​မှန် ရာ​ကို​ပြု​တော်​မူ​တတ်​သော်​လည်း အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ ထောင်​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။

အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ခါ​ခပ် သိမ်း​ဖြောင့်​မှန်​ရာ​ကို​ပြု​တော်​မူ​ပါ​၏။ သို့ ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။ ယု​ဒ​ပြည် ၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း ကောင်း နေ​ထိုင်​သူ​များ​နှင့်​ကိုယ်​တော်​အား သစ္စာ​ဖောက်​သ​ဖြင့် ရပ်​နီး​ရပ်​ဝေး​တိုင်း​ပြည် များ​သို့​နှင်​ထုတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လည်း​ကောင်း ဤ​နည်း​အ​တိုင်း​ပင်​မိ​မိ​တို့ ကိုယ်​ကို​အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။-

``သို့​ရာ​တွင်​သင်​တို့​၏​အ​ဆက်​အ​နွယ်​များ သည် သူ​တို့​၏​အ​ပြစ်​နှင့်​ဘိုး​ဘေး​တို့​၏​အ​ပြစ် များ​ကို​ဝန်​ချ​တောင်း​ပန်​ကြ​လိမ့်​မည်။ သူ​တို့ ၏​ဘိုး​ဘေး​များ​သည်​ငါ့​ကို​ဆန့်​ကျင်​၍​ပုန် ကန်​သ​ဖြင့်၊-

ငါ​သည်​အ​မျက်​ထွက်​၍​သူ​တို့​ကို​ပြည်​နှင်​ဒဏ် ပေး​ခဲ့​၏။ နောက်​ဆုံး​၌​သင်​တို့​၏​အ​ဆက်​အ​နွယ် များ​သည်​မာန်​စွယ်​ကျိုး​၍ မိ​မိ​တို့​၏​အ​ပြစ် နှင့်​ပုန်​ကန်​မှု​အ​တွက်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ပြီး​သော​အ​ခါ၊-

သို့​သော်​လည်း​သင်​သည်​ခေါင်း​မာ​လျက် နောင်​တ​မ​ရ။ ထို့​ကြောင့်​အ​မျက်​တော်​ပေါ် လွင်​ထင်​ရှား​ရာ၊ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင် ရာ​နေ့​ရက်​၌​သင်​သည်​ပို​မို​ကြီး​လေး​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။-

အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​အား​မ​ကြောက်​ရွံ့ မ​ရို​သေ​ဘဲ​အ​ဘယ်​သူ​နေ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် တ​ရား​မျှ​တ​ကြောင်း​ပေါ်​လွင်​ထင်​ရှား​သ​ဖြင့် လူ​မျိုး​တ​ကာ​တို့​သည်​ရှေ့​တော်​သို့​လာ​၍ ပျပ်​ဝပ်​ရှိ​ခိုး​ကြ​ပါ​လိမ့်​မည်'' ဟူ​၍​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ​၏ သီ​ချင်း​နှင့် သိုး​သူ​ငယ်​တော်​၏​သီ​ချင်း​ကို သီ​ဆို​လျက်​နေ​ကြ​၏။

ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့် ပ​ရော​ဖက်​တို့​၏​သွေး​ကို​သွန်း​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​သောက်​ရန်​သွေး​ကို​ပေး တော်​မူ​လေ​ပြီ။ ထို​သူ​တို့​ခံ​ထိုက်​သော​ဒဏ်​ကို ခံ​ရ​ကြ​ပါ​၏'' ဟု​လျှောက်​ထား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ