ထိုအခါထာဝရဘုရား၏နှုတ်ကပတ် တော်သည် ငါ့အားမိန့်ကြားတော်မူ၏။-
သို့ဖြစ်၍မိဖုရားသည် ရှိလောမြို့ရှိအဟိယ ၏အိမ်သို့သွားလေသည်။ အဟိယသည် အသက်ကြီးသဖြင့်မျက်စိကွယ်လျက်နေ၏။-
ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍ ရှေ့တော်တွင်ထိုင် ကြ၏။-
ကိုယ်တော်က``အချင်းလူသားဤသူတို့ သည်ရုပ်တုများကိုစွဲလမ်းသောစိတ်ရှိ ၍ မိမိရှေ့တွင်ထိမိ၍လဲစရာဖြစ်စေ ကြကုန်ပြီ။ သူတို့သည်အဖြေကိုငါ့ထံ မှရလိမ့်မည်ဟုထင်မှတ်ကြသလော။
အကယ်စင်စစ်အရှင်ထာဝရဘုရားသည် မိမိ၏အကြံတော်ကို မိမိ၏ကျွန်ပရောဖက် တို့အားမဖော်ပြဘဲမည်သည့်အမှုကိုမျှ ပြုတော်မမူ။