Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 14:10

Common Language Bible

ထို​ပ​ရော​ဖက်​နှင့်​သူ့​ထံ​သို့​စုံ​စမ်း​မေး​မြန်း သူ​အ​ပါ​အ​ဝင် တူ​ညီ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ကာ​ဣ​န​က``ကိုယ်​တော်​ပေး​သော အ​ပြစ်​ဒဏ်​သည် ပြင်း​ထန်​လွန်း​လှ​ပါ​၏။-

ငါ​မ​စေ​လွှတ်​ဘဲ​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဤ​ပြည်​တွင်​စစ်​မက်​နှင့်​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ဟု ဟော​ပြော​ကြ​သူ​ပ​ရော​ဖက်​တို့​အား​အ​ဘယ် သို့​ငါ​ပြု​မည်​ကို သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ဖော်​ပြ​မည်။ ငါ​သည်​သူ​တို့​အား​စစ်​ပွဲ​တွင် ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​သင့်​၍​သေ​စေ​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​ကို ပစ်​ပယ်​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ပြစ်​များ​ဖြင့် မ​ညစ်​ညမ်း​စေ​ရန် ဤ​သို့​ငါ​ပြု​မည်။ သူ​တို့ သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​မည်။ ငါ​သည် လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​မည်'' ဟု​မိန့် တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား အ ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ကိုယ်​တော်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း သည်​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​၍ မိ​မိ​တို့ ရှေ့​တွင်​ကောက်​ကျစ်​သော​ထိ​မိ​၍​လဲ​စ​ရာ ကို​ချ​ထား​ပြီး​မှ ပ​ရော​ဖက်​ထံ​သို့​ချဉ်း ကပ်​၍​မေး​မြန်း​စုံ​စမ်း​မှု​ကို​ပြု​၏။ ထို​သူ အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဖြေ​ကြား​မည်။ ထို​အ​ဖြေ​ကား ထို​သူ​ကိုး​ကွယ်​သည့်​ရုပ် တု​များ​ရ​ထိုက်​သော​အ​ဖြေ​ဖြစ်​သည်။-

``ပ​ရော​ဖက်​သည်​ဖြား​ယောင်း​ခြင်း​ခံ​ရ​၍ ပ​ရော​ဖက်​ပြု​သည်​ဆို​အံ့။ ထို​သူ​အား​ငါ ထာ​ဝ​ရ​ဘု​ရား​ဖြား​ယောင်း​ခြင်း​ပင်​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​လျက် သူ့​အား​တိုက်​ခိုက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​မှ​ဖယ် ရှား​မည်။-

အ​ချင်း​ညီ​အစ်​မ​နှစ်​ယောက်​တို့၊ ငါ​သည်​သင်​တို့ အား​အ​ကျင့်​ပျက်​မှု၊ ရုပ်​တု​များ​အား​ရှိ​ခိုး​ဝတ် ပြု​မှု​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ ထို​အ​ခါ ငါ​သည်​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​ကို​သူ​တို့​ခံ​ရ မည့်​အ​ချိန်​ရောက်​လာ​ပြီ။ ထို​အ​ချိန်​ရောက် လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သား​တို့ သိ​ကြ​လိမ့်​မည်။ သင်​တို့​က``ဤ​ပ​ရော​ဖက် သည်​သူ​ရူး​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သက်​ရောက် သူ​သည်​စိတ်​မ​နှံ့​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ သင်​တို့​သည်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​သော​ကြောင့်​ငါ့​ကို​အ​လွန်​မုန်း တီး​ကြ​၏။-

ငါ​တို့​သည်​အပြစ်​ကူး​လွန်​ခဲ့​သော​ကြောင့် အ​ခိုက်​အ​တန့်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည်။ သို့ ရာ​တွင်​နောက်​ဆုံး​၌​ကိုယ်​တော်​သည် ငါ​တို့ အ​မှု​ကို​လျှောက်​လဲ​၍​တ​ရား​မျှ​တ​စွာ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​ငါ​တို့​အား​အ​လင်း​ထဲ​သို့​ထုတ်​ဆောင် တော်​မူ​လိမ့်​မည်။ ငါ​တို့​အား​ကိုယ်​တော် ကယ်​တင်​တော်​မူ​ခြင်း​ကို​ငါ​တို့​ဒိ​ဌ မြင်​ရ​လိမ့်​မည်။-

ခင်​ပွန်း​သည်​ပြစ်​မှု​ကင်း​စေ​ရ​မည်။ သို့​ရာ တွင်​ဇ​နီး​သည်​ပြစ်​မှု​ကူး​လွန်​လျှင် အ​ပြစ် အ​လျောက်​ဒဏ်​ခံ​စေ​ရ​မည်။

အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တိုင်း​ပင် မိ​မိ​၏​ဝန်​ကို ထမ်း​ရွက်​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ