ယေဇကျေလ 13:3Common Language Bibleအရှင်ထာဝရဘုရားက``ဤပရောဖက်မိုက် တို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်ငါ ၏ဝိညာဉ်တော်နှိုးဆော်ခြင်းကိုမခံရဘဲ မိမိတို့ကိုယ်တိုင်ဗျာဒိတ်ရူပါရုံများ ကိုလုပ်ကြံဟောပြောကြ၏။- အခန်းကိုကြည့်ပါ။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားက ယေရု ရှလင်မြို့သူမြို့သားတို့အား``ပရောဖက်များ သည်သင်တို့အားအချည်းနှီးမျှော်လင့်လျက် နေစေကြသည်ဖြစ်၍ သူတို့ဟောပြောသည့် စကားကိုနားမထောင်ကြနှင့်။ သူတို့သည် မိမိတို့စိတ်ထဲထင်မြင်သည့်အရာများကို ဟောပြောကြ၏။ ငါ၏ဗျာဒိတ်တော်ကိုဟော ပြောကြသည်မဟုတ်။-
ပရောဖက်များနှင့်သက်ဆိုင်၍ဤသို့ဆို၏။ ငါ၏စိတ်နှလုံးသည်ကြေကွဲလျက်ငါ၏ အရိုးတို့သည်တုန်လှုပ်လျက်ရှိ၏။ ထာဝရဘုရား၏အတွက်ကြောင့်လည်း ကောင်း၊ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သည့် ဗျာဒိတ်တော်များကြောင့်လည်းကောင်း ငါသည်စပျစ်ရည်သောက်ကြူး၍ ယစ်မူးလျက်နေသူနှင့်တူတော့၏။
ထိုနောက်သူတို့အားအရှင်ထာဝရဘုရား အောက်ပါအတိုင်းမိန့်တော်မူကြောင်းကို ဆင့်ဆိုရမည်မှာ ``အချင်းအမျိုးသမီးတို့သင်တို့သည်အ မင်္ဂလာရှိကြပါသည်တကား။ အခြားလူ တို့ကိုထောင်ချောက်ကဲ့သို့ချုပ်ကိုင်နိုင်သော တန်ခိုးကိုရရှိကြစေရန် လူတိုင်းအားသင် တို့သည်မှော်အတတ်စီရင်ထားသည့်လက် ပတ်များနှင့် ခေါင်းစည်းပုဝါများကိုချုပ် လုပ်တပ်ဆင်ပေးကြ၏။ သင်တို့သည်မိမိ တို့ကိုယ်ကျိုးအတွက် ငါ၏လူစုတော် အပေါ်သေမှုရှင်မှုတန်ခိုးကိုရလို ကြ၏။-
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏သိုးထိန်းတို့အားရှုတ် ချလော့။ သူတို့အားငါအရှင်ထာဝရ ဘုရားထံတော်မှဗျာဒိတ်တော်ကိုဆင့်ဆို ရမည်မှာ အချင်းဣသရေလအမျိုးသား များ၏သိုးထိန်းတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်မိမိတို့ကိုယ်ကို ကျွေးမွေးပြုစုကြသော်လည်းသိုးများ ကိုမူမစောင့်ထိန်းကြ။-
ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-
ငါ၏ဝါကြွားမှုကိုအချည်းနှီးဖြစ်စေရန် ပြုလုပ်ခွင့်ကိုမည်သူအားမျှပေးလိမ့်မည် မဟုတ်။ သတင်းကောင်းကိုကြေညာရသည့် အတွက် ငါ့မှာဝါကြွားနိုင်ခွင့်မရှိ။ ငါသည် အမိန့်တော်အရကြေညာခြင်းဖြစ်သည်။ အကယ်၍ထိုသတင်းကောင်းကိုမကြေ ညာလျှင် ငါသည်အဘယ်မျှအမင်္ဂလာ ရှိလိမ့်မည်နည်း။-