ယေဇကျေလ 12:6Common Language Bibleထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။ အခန်းကိုကြည့်ပါ။ |
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။