Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 12:27

Common Language Bible

``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​သင်​မြင်​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​နှင့် သင် ဟော​ကြား​သော​ဗျာ​ဒိတ်​စ​ကား​များ​သည် ဝေး ကွာ​သည့်​အ​နာ​ဂတ်​ကာ​လ​နှင့်​ဆိုင်​သည်​ဟု ထင်​မှတ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အ​ဘယ်​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်`အ​ချိန်​သာ ကုန်​လွန်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကား​အ ကောင်​အ​ထည်​မ​ပေါ်​လာ' ဟူ​သော​စ​ကား​ပုံ ကို​အ​ဖန်​တ​လဲ​လဲ​သုံး​စွဲ​နေ​ကြ​သ​နည်း။-

ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​ရောက်​လာ​၏။-

သို့​ဖြစ်​၍​ကြန့်​ကြာ​မှု​ရှိ​တော့​မည်​မ​ဟုတ်။ ငါ ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ​ဖြစ် ကြောင်း ထို​သူ​တို့​အား​ဆင့်​ဆို​လော့။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယ​ခု​ငါ​ရောက်​ရှိ​လာ​ရ​ခြင်း​အ​ကြောင်း မှာ​အ​နာ​ဂတ်​ကာ​လ​၌ သင်​၏​အ​မျိုး​သား တို့​ကြုံ​တွေ့​ကြ​ရ​မည့်​အ​ဖြစ်​အ​ပျက်​များ ကို သင့်​အား​သိ​ရှိ​နား​လည်​စေ​လို​သော ကြောင့်​ဖြစ်​သည်။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​နာ​ဂတ်​ကာ​လ​နှင့်​သက်​ဆိုင်​သည်'' ဟု ဆို​၏။

ညဥ့်​ဦး​ယံ၊ နံ​နက်​ယံ​ပူ​ဇော်​ရာ​ယဇ်​များ နှင့်​သက်​ဆိုင်​၍ သင့်​အား​ငါ​ရှင်း​လင်း​ပြ​သည့် ဤ​ရူ​ပါ​ရုံ​သည်​အ​ကောင်​အ​ထည်​ပေါ်​လာ လိမ့်​မည်။ သို့​ရာ​တွင်​ယင်း​သို့​အ​ကောင်​အ​ထည် ပေါ်​ရန်​အ​ချိန်​များ​စွာ​လို​သေး​သ​ဖြင့်​ထို ရူ​ပါ​ရုံ​ကို​လျှို့​ဝှက်​၍​ထား​လော့'' ဟု​ဆို​၏။

ဆိုး​ယုတ်​သော​နေ့​ကာ​လ​ကျ​ရောက်​တော့​မည် ကို​သင်​တို့​ဝန်​မ​ခံ​လို​ကြ။ သင်​တို့​ပြု​ပုံ​သည် အ​ကြမ်း​ဖက်​မှု​ကို​သာ​အား​ပေး​ရာ​ရောက် နေ​၏။-

`သ​ခင်​ဘု​ရား​သည်​မိ​မိ​တစ်​ဖန်​ကြွ​လာ တော်​မူ​မည်​ဟု​က​တိ​ထား​တော်​မူ​ခဲ့​သည် မ​ဟုတ်​ပါ​လော။ ထို​က​တိ​တော်​သည်​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ငါ​တို့​မိ​ဘ​များ​ကား သေ​လွန်​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ခပ်​သိမ်း သော​အ​မှု​အ​ရာ​တို့​သည်​ကမ္ဘာ​လော​က​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန်​က​ရှိ ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​သေး​ပါ​သည် တ​ကား' ဟု​ဆို​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ