ယေဇကျေလ 11:3Common Language Bibleသူတို့က`ငါတို့သည်အိမ်များကိုမကြာမီ တစ်ဖန်ဆောက်လုပ်ကြမည်။ ဤမြို့သည်အိုး ကင်းနှင့်တူ၍ ငါတို့ကားအိုးကင်းထဲမှ အမဲသားနှင့်တူကြ၏' ဟုဆိုကြ၏။- အခန်းကိုကြည့်ပါ။ |
သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
`သခင်ဘုရားသည်မိမိတစ်ဖန်ကြွလာ တော်မူမည်ဟုကတိထားတော်မူခဲ့သည် မဟုတ်ပါလော။ ထိုကတိတော်သည်အဘယ် သို့ဖြစ်လေပြီနည်း။ ငါတို့မိဘများကား သေလွန်ကြလေပြီ။ သို့ရာတွင်ခပ်သိမ်း သောအမှုအရာတို့သည်ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်ကရှိ ခဲ့သည့်အတိုင်းပင်ရှိနေသေးပါသည် တကား' ဟုဆိုကြလိမ့်မည်။-