ယေဇကျေလ 11:13Common Language Bibleငါသည်ထိုဗျာဒိတ်တော်ကိုဆင့်ဆိုနေစဉ် ဗေနာယ၏သားပေလတိသည်လဲ၍သေ လေ၏။ ထိုအခါငါသည်မြေပေါ်သို့လှဲချ ပျပ်ဝပ်လိုက်ပြီးလျှင်``အို အရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ကျန်ရှိနေသေး သည့်ဣသရေလအမျိုးသားမှန်သမျှ တို့အားသုတ်သင်ပစ်တော်မူမည်လော'' ဟုဟစ်အော်လျှောက်ထား၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံ သို့ရောက်လာ၏။ ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင်မြို့တွင်နေထိုင်ကြသောသူတို့ သည်သင်နှင့်သင်၏ညီအစ်ကိုဣသရေလ အမျိုးသားတို့၏အကြောင်းကိုပြောဆိုနေ ကြ၏။ သူတို့က`ပြည်နှင်ဒဏ်ခံရသူတို့သည် ထာဝရဘုရားသွေးတော်စပ်သူညီအစ်ကို နှင့်ထံတော်မှ ရပ်ဝေးသို့ရောက်ရှိနေကြ၏။ သို့ဖြစ်၍ကိုယ်တော်သည်ဤပြည်ကိုငါတို့ အားပေးတော်မူပြီ' ဟုဆိုကြ၏။''
ယင်းသို့ထိုသူတို့သတ်ဖြတ်နေကြချိန် ၌ငါသည်တစ်ယောက်တည်းကျန်ခဲ့၏။ ငါ သည်မြေပေါ်သို့လှဲချပျပ်ဝပ်ကာ``အရှင် ထာဝရဘုရား၊ ကိုယ်တော်သည်ဣသရေလ ပြည်တွင်ကျန်ရှိသမျှသောလူတို့ကိုသတ် ဖြတ်စေသည့်တိုင်အောင် ယေရုရှလင်မြို့ကို အမျက်ထွက်တော်မူပါသလော'' ဟုဟစ် အော်လျှောက်ထား၏။
ယခုပင်လျှင်ထာဝရဘုရား၏လက်တော် သည် သင့်ပေါ်သို့ကျရောက်တော်မူသဖြင့် သင် သည်မျက်စိကွယ်လိမ့်မည်။ ကာလအတန် အကြာနေကိုမြင်ရလိမ့်မည်မဟုတ်'' ဟု မြွက်ဆို၏။ ချက်ချင်းပင်မှော်ဆရာသည်မျက်စိမြှေး ယှက်၍ မှောင်အတိကျရောက်လာသကဲ့သို့ ဖြစ်သဖြင့် လက်ဆွဲ၍လမ်းပြခေါ်ဆောင်ပေး မည့်သူကိုရှာရလေ၏။-