Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 1:27

Common Language Bible

ထို​သူ​၏​ခါး​အ​ထက်​ပိုင်း​သည်​မီး​လျှံ​ထဲ​မှ​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​၍​နေ​၏။ ခါး​မှ​ခြေ​ဖျား​ထိ​သူ​၏​အောက်​ပိုင်း​သည် မီး​ရောင်​ဖြင့်​ပင်​လျှင်​တစ်​ကိုယ်​လုံး​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး​အာ​နု​ဘော် တော်​သည် ကိုယ်​တော်​အား​ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​ဗိ​မာန်​တော်​သည်​ဝမ်း​မြောက် ရွှင်​မြူး​သံ​နှင့်​ပြည့်​လျက်​ရှိ​၏။

ငါ​တို့​၏​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၏။ သို့​ရာ​တွင်​ဆိတ်​ဆိတ်​ကြွ​လာ​တော်​မူ​သည်​မ​ဟုတ်။ ရှေ့​တော်​တွင်​မီး​တောက်​မီး​လျှံ​ဟုန်း​ဟုန်း​ထ​လျက် ကိုယ်​တော်​၏​ပတ်​လည်​တွင်​လေ​ပြင်း​မုန်​တိုင်း တိုက်​ခတ်​လျက်​ရှိ​၏။

မိုး​တိမ်​များ​နှင့်​မှောင်​မိုက်​တို့​သည်​ကိုယ်​တော်​ကို ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​အုပ်​စိုး​ခြင်း​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​၏။

ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မြောက်​အ​ရပ်​မှ လေ​မုန်​တိုင်း​တစ်​ခု​လာ​နေ​သည်​ကို​မြင်​ရ​၏။ မိုး​တိမ်​တိုက်​ကြီး​တစ်​ခု​မှ​လျှပ်​ပန်း​လျှပ်​နွယ်​များ​ထွက်​လျက် ထို​မိုး​တိမ်​၏​ပတ်​လည်​ရှိ​ကောင်း​ကင်​ပြင်​သည်​ဝင်း​ဝါ​တောက်​ပ​လျက်​နေ​၏။ လျှပ်​ပန်း​လျှပ်​နွယ်​ထွက်​ရာ​တွင်​ကြေး​ဝါ​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည်​အ​ရောင်​လက်​၍​နေ​၏။-

ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မီး​လျှံ​တောက်​နေ​သော​လူ​ပုံ​သဏ္ဌာန်​တစ်​ခု​ကို​မြင်​ရ​၏။ သူ​၏​ခါး​မှ​ခြေ​ဖျား​အ​ထိ​အောက်​ပိုင်း​တစ်​ခု​လုံး​သည်​မီး​နှင့်​တူ​၍ အ​ထက်​ပိုင်း​တစ်​ခု​လုံး​မှာ​တိုက်​ချွတ်​ထား​သည့်​ကြေး​ဝါ​သ​ဖွယ်​တောက်​ပ​လျက်​နေ​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​၏​ဘု​ရား သ​ခင်​သည်​ကျွမ်း​လောင်​စေ​တတ်​သော​မီး သ​ဖွယ်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ