Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 1:13

Common Language Bible

ထို​သတ္တ​ဝါ​တို့​၏​အ​လယ်​တွင်​မီး​လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​နှင့်​တူ​သည့်​အ​ရာ​တစ်​ခု​သည် အ​စဉ်​ပင်​ရွေ့​လျား​လျက်​နေ​၏။ ထို​အ​ရာ​မှ​မီး​လျှံ​တက်​ပြီး​လျှင်​လျှပ်​စစ်​နွယ်​များ​ထွက်​ပေါ်​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

နေ​ဝင်​၍​မှောင်​ကျ​လာ​သော​အ​ခါ​မီး​ခိုး​ထွက် သော​မီး​လင်း​ဖို​နှင့်​မီး​လျှံ​တောက်​သော​မီး​တိုင် သည် ရုတ်​တ​ရက်​ပေါ်​လာ​ပြီး​လျှင်​အ​သား​ခြမ်း များ​အ​ကြား​ဖြတ်​သွား​၏။-

ကိုယ်​တော်​ရှင်​သည်​လေ​တို့​ကို​စေ​တ​မန်​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ လျှပ်​စစ်​လျှပ်​နွယ်​တို့​ကို​အ​စေ​ခံ​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း​အ​သုံး​ပြု​တော် မူ​ပါ​၏။

သူ​တို့​၏​ခြေ​တို့​သည်​ဖြောင့်​တန်း​လျက်​နေ​သော်​လည်း ယင်း​တို့​တွင်​နွား​ခွာ​နှင့်​တူ​သော​ခွာ​များ​ရှိ​၏။ ထို​သတ္တ​ဝါ​တို့​သည်​တိုက်​ချွတ်​ထား​သော​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​၏။-

ဘု​ရား​သ​ခင်​က​ပိတ်​ချော​ထည်​ဝတ်​ဆင် ထား​သူ​အား``ထို​သတ္တ​ဝါ​တို့​၏​အောက်​၌​ရှိ သော​ရ​ထား​ဘီး​များ​အ​ကြား​သို့​သွား​၍ ထို​သတ္တ​ဝါ​တို့​၏​ကြား​ရှိ​မီး​ကျီး​ခဲ​တို့ ကို​လက်​ခုပ်​ဖြင့်​ကျုံး​ကာ​မြို့​ပေါ်​သို့​ကြဲ ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လည်း​ငါ​၏​ရှေ့​မှောက်​၌​ပင် ထွက်​သွား​၏။-

ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။-

သူ​၏​အ​ဆင်း​သဏ္ဌာန်​သည်​လျှပ်​စစ်​လက်​သ​ကဲ့​သို့ ဖြစ်​၍​သူ​၏​အ​ဝတ်​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၏။-

ယ​ခု​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက်​ရှိ​သော​သင်​တို့ နှင့်​အ​တူ​ငါ​တို့​ကို​လည်း​စိတ်​သက်​သာ​ရာ ရ​စေ​တော်​မူ​လိမ့်​မည်။ သ​ခင်​ယေ​ရှု​သည် တန်​ခိုး​ကြီး​သော​ကောင်း​ကင်​တ​မန်​များ ခြံ​ရံ​လျက်​မီး​လျှံ​နှင့်​တ​ကွ ကောင်း​ကင်​ဘုံ မှ​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌​ဘု​ရား သ​ခင်​သည် မိ​မိ​ကို​ပစ်​ပယ်​သူ​တို့​နှင့်​ငါ တို့​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​မ​လိုက်​နာ​သူ​တို့​အား​အ​ပြစ်​စီ​ရင် တော်​မူ​လိမ့်​မည်။-

ထို​နောက်​ကောင်း​ကင်​မှ​ခွန်​အား​ကြီး​မား​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​ဆင်း​သက်​လာ​သည် ကို​ငါ​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ကို​ဝတ်​ဆင် ၍​သူ​၏​ဦး​ခေါင်း​ပတ်​လည်​တွင်​သက်​တန့်​ရှိ​၏။ သူ​၏​မျက်​နှာ​သည်​နေ​နှင့်​တူ​၏။ သူ​၏​ခြေ ထောက်​တို့​သည်​မီး​ဖြင့်​ပြီး​သော​တိုင်​များ နှင့်​တူ​၏။-

ထို​နောက်​ကောင်း​ကင်​မှ​ဆင်း​သက်​လာ​သော အ​ခြား ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​ငါ​မြင်​ရ​၏။ သူ့ မှာ​ကြီး​မား​သည့်​အာ​ဏာ​စက်​ရှိ​၏။ သူ​၏​အ​ရောင် အ​ဝါ​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ဝန်း​လုံး​ကို​ထွန်း လင်း​တောက်​ပ​စေ​၏။-

ပလ္လင်​တော်​ထဲ​မှ​လျှပ်​စစ်​ပြက်​သည့်​အ​ရောင်​များ၊ မိုး​ချုန်း​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လာ​၏။ ပလ္လင်​တော်​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ် ပါး​တည်း​ဟူ​သော​မီး​တိုင်​သည်​ထွန်း​လင်း​လျက် ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ