ယောလ 3:8Common Language Bibleငါသည်သင်တို့၏သားသမီးများအား ယုဒပြည်သားတို့၏ငွေဝယ်ကျွန်ဖြစ်စေ မည်။ ယုဒပြည်သားတို့သည်လည်းသူတို့ အားဝေးလံသောရှေဘပြည်သို့ရောင်းစား ကြလိမ့်မည်။ ဤကားငါထာဝရဘုရား ၏မြွက်ဟသည့်စကားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
ယခုမှာမူသင်တို့အားဝါးမျိုသူအပေါင်း တို့သည် ဝါးမျိုခြင်းကိုခံရ၍ သင်တို့၏ရန်သူအပေါင်းသည်ဖမ်းဆီး ခေါ်ဆောင်ခြင်းကိုခံရကြလိမ့်မည်။ သင်တို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရ၍၊ သင်တို့အားတိုက်ခိုက်လုယက်သူအပေါင်းသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလိမ့်မည်။
ရှေဘပြည်နှင့်ဒေဒန်ပြည်မှပြည်သား များ၊ တာရှုပြည်မြို့များမှကုန်သည်တို့ က`သင်သည် ရွှေငွေနှင့်သိုး၊ နွား၊ ပစ္စည်းဥစ္စာ များကိုလုယူကာတိုက်ရာပါပစ္စည်းရှိ သမျှတို့ကိုယူဆောင်သွားရန်စစ်သည် ဗိုလ်ခြေတို့ကိုစုရုံးလာပါသလော' ဟု သင့်အားမေးကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊ လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်း အဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။ သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည် သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုပြင်းစွာအမျက်ထွက်တော် မူသဖြင့် ရန်သူတို့ကိုသူတို့အားလုယက် တိုက်ခိုက်ရန်အခွင့်ပြုတော်မူ၏။ ကိုယ်တော် သည်ပတ်ဝန်းကျင်ရှိရန်သူတို့ကို ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်ခွင့် ပေးတော်မူသဖြင့် ဣသရေလအမျိုးသား တို့သည်မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်း မရှိကြတော့ချေ။-
ဒေဗောရကလည်း``ကောင်းပြီ၊ သင်နှင့်အတူ ငါလိုက်ပါအံ့။ သို့ရာတွင်သင်သည်ထိုအောင် ပွဲနှင့်ဆိုင်သောဂုဏ်အသရေကိုရရှိလိမ့် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည်သိသရကိုအမျိုးသမီးလက် သို့ပေးအပ်တော်မူလိမ့်မည်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။ သို့ဖြစ်၍ဒေဗောရသည် ဗာရက်နှင့်အတူကိရှန်မြစ်သို့ထွက်ခွာ သွား၏။-