ယောလ 3:4Common Language Bible``တုရုမြို့၊ ဇိအုန်မြို့နှင့်ဖိလိတ္တိပြည်အရပ် ရပ်မှလူအပေါင်းတို့ သင်တို့သည်ငါ့အား အဘယ်သို့ပြုရန်ကြိုးပမ်းနေကြပါသနည်း။ ငါ့အားလက်စားချေရန်ကြိုးပမ်းနေကြပါ သလော။ ယင်းသို့ကြိုးပမ်းနေကြပါမူ၊ ငါ သည်အလျင်အမြန်ဦးစွာသင်တို့အား လက်စားချေမည်။- အခန်းကိုကြည့်ပါ။ |
အို ဖိလိတ္တိအမျိုးသားတို့၊ သင်တို့အားရိုက် နှက်သည့်တုတ်သည်ကျိုး၍သွားပြီဖြစ်သော် လည်းသင်တို့ဝမ်းမြောက်ကြရန်အကြောင်း မရှိ။ မြွေတစ်ကောင်သေသောအခါထိုမြွေ ထက်ဆိုးသည့်အခြားမြွေတစ်ကောင်ပေါက် ၍လာလိမ့်မည်။ မြွေဥမှအဆိပ်ပြင်းသော နဂါးပျံပေါက်ဖွားလာတတ်ပါသည် တကား။-
တုရုမြို့နှင့်ဇိဒုန်သို့ပေးပို့နိုင်သည့်စစ်ကူ အကြွင်းအကျန်မှန်သမျှကိုဖြတ်တောက် ပစ်ရန် ဖိလိတ္တိပြည်ကို၊သုတ်သင်ပယ်ရှင်းရမည့် နေ့ရက်ကာလကျရောက်လာလေပြီ။ ငါထာဝရဘုရားသည်ကရေတေကမ်းခြေမှ လာသူအပေါင်းဖြစ်သည့် ဖိလိတ္တိအမျိုးသားတို့အားသုတ်သင်ပယ်ရှင်းမည်။
ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။
``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲ ဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ သင်တို့တွင်ငါပြုခဲ့ သည့်အံ့ဖွယ်အမှုအရာများကိုတုရုနှင့်ဇိဒုံမြို့ တို့တွင်သာပြုခဲ့ပါမူ ထိုမြို့တို့သည်ရှေးမဆွကပင် လျှင်လျှော်တေကိုဝတ်၍ပြာနှင့်လူးလျက်နောင်တ ရကြလိမ့်မည်။-
``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည်လည်းအမင်္ဂလာရှိ၏။ သင်တို့တွင်ပြုခဲ့သည့်အံ့ဖွယ်အမှုအရာများ ကိုတုရုနှင့်ဇိဒုံမြို့တွင်သာပြုခဲ့ပါမူ ထိုမြို့ တို့သည်ရှေးမဆွကပင်လျှော်တေကိုဝတ်၍ ပြာ ထဲမှာထိုင်လျက်နောင်တရပြီးဖြစ်လိမ့်မည်။-