ယောလ 3:2Common Language Bibleလူမျိုးတကာတို့အားပြန်လည်စုရုံး၍ တရားစီရင်ရာချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာမည်။ ငါ့လူမျိုးတော်တို့ကိုထိုသူတို့ပြုကျင့်ခဲ့သည့် အမှုများအတွက်၊ ထိုအရပ်တွင်သူတို့အားငါတရားစီရင်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့ကိုနိုင်ငံရပ်ခြားသို့ကွဲလွင့်စေကာ၊ ငါ၏ပြည်တော်ဣသရေလကိုကွဲပြားစေ ခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့၏အပြုအမူအကျင့်အကြံများကို ငါသိ၏။ ငါသည်နိုင်ငံတကာမှလူတို့ကို စုသိမ်းရန်ကြွလာတော်မူမည်။ ထိုသူတို့သည် စုဝေးမိသောအခါငါ၏ဘုန်းတန်ခိုးတော် မည်မျှတတ်စွမ်းတော်မူကြောင်းကိုမြင်ရ လိမ့်မည်။ မိမိတို့အားအပြစ်ဒဏ်ခတ်သူ မှာငါပင်ဖြစ်ကြောင်းကိုလည်းသိရှိကြ လိမ့်မည်။ သို့ရာတွင်ငါသည်အချို့သောသူ များကိုချမ်းသာပေးမည်။-
ထာဝရဘုရားက``ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အား ငါအမွေပေးအပ်ခဲ့သည့် ပြည်တော်ကိုပျက်စီးယိုယွင်းစေသော ဣသရေလ ပြည်၏အိမ်နီးချင်းနိုင်ငံတို့နှင့်ပတ်သက်၍ငါ ပြောစရာရှိ၏။ ငါသည်ထိုသူယုတ်မာတို့အား အမြစ်ပြုတ်သည့်အပင်ငယ်ကဲ့သို့သူတို့ပြည် မှဆွဲထုတ်မည်။ ယုဒပြည်ကိုသူတို့လက်မှ ဆွဲထုတ်ကယ်ဆယ်မည်။-
ထာဝရဘုရားသည်လူမျိုးတကာတို့အား စွဲချက်တင်တော်မူမည်။ ကိုယ်တော်၏အသံတော်သည်ကမ္ဘာမြေကြီးစွန်း တိုင်အောင်ပဲ့တင်ထပ်၍သွားလိမ့်မည်။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး စီရင်တော်မူ၍ သူယုတ်မာတို့အားကွပ်မျက်တော်မူလိမ့်မည်။ ဤကားထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏' ဟုပြောကြားလော့'' ဟူ၍ဖြစ်၏။
ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။-
ထာဝရဘုရားက``အချင်းလူသား၊ ဣသ ရေလတောင်တို့အားသူတို့အတွက်ငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကားတော် ကိုနားထောင်ရန်ပြောလော့။ ဣသရေလပြည် ၏ရန်သူများက`ရှေးပဝေသဏီအခါမှ စ၍တည်ရှိခဲ့သော ဤတောင်ကုန်းများကို ယခုငါတို့အပိုင်ရပြီ' ဟုပီတိစိတ် ဖြင့်ဆိုကြ၏။
ထာဝရဘုရားက``ဤအမှုအရာအပေါင်း ဖြစ်ပျက်လာသောအခါဂေါဂအား ဣသရေလ ပြည်ပင်လယ်သေအရှေ့ဘက်တွင်ရှိသော ခရီးသည် ချိုင့်ဝှမ်းတွင်သင်္ချိုင်းမြေယာ တစ်ကွက်ကိုငါပေးမည်။ ထိုအရပ်တွင် ဂေါဂနှင့်သူ၏တပ်မတော်တစ်ခုလုံးကို မြှုပ်နှံရသဖြင့် ခရီးသွားရန်လမ်းပိတ် နေလိမ့်မည်။ သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည် ဂေါဂတပ်မတော်ချိုင့်ဝှမ်းဟုနာမည် တွင်လိမ့်မည်။-
ထာဝရဘုရားက``ဧဒုံပြည်သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်ညီအစ်ကိုချင်း ဣသရေလတို့ကိုမရမကလိုက်၍ မညှာမတာညှင်းဆဲခဲ့ပြီ။ သူတို့၏ အမျက်ဒေါသကိုဘယ်အခါမျှ မပြေစေဘဲကမ်းကုန်လောက်အောင် ပင်ပြင်းထန်စေခဲ့သည်။-
ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။
ကိုယ်တော်၏အမျက်တော်သက်ရောက်ရာ ကာလသည်လည်းကောင်း၊ သေလွန်သူတို့ကိုတရားစီရင်တော်မူရာ ကာလသည်လည်းကောင်း ယခုအခါကျရောက်လာပြီဖြစ်၍လူမျိုး အပေါင်းတို့သည်အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏အစေခံပရောဖက်များ၊ ကိုယ်တော်၏ လူစုဝင်အပေါင်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူ၊အကြီး အငယ်တို့ ဆုလာဘ်တော်ကိုခံယူရန် အချိန်ကာလသည်လည်းကောင်း၊ကမ္ဘာမြေ ကြီးကို ပျက်စီးစေသူတို့ ပျက်စီးရမည့်အချိန်ကာလသည်လည်း ကောင်း ရောက်ရှိလာပါပြီ'' ဟုဘုရားသခင်အားလျှောက်ထားကြ၏။-