ယောလ 2:7Common Language Bibleကျိုင်းကောင်တို့သည်စစ်သူရဲများသဖွယ် တိုက်ခိုက်ကြ၏။ စစ်သည်တပ်သားများသဖွယ်မြို့ရိုးများကို တက်ကြ၏။ သူတို့အားလုံးပင်ရှေ့သို့တည့်မတ်စွာ ချီတက်လျက်နေကြ၏။ မိမိတို့၏လမ်းကိုမပြောင်းမလွှဲကြ။ အခန်းကိုကြည့်ပါ။ |
ထိုနေ့၌ဒါဝိဒ်ကမိမိ၏လူတို့အား``ယေ ဗုသိအမျိုးသားတို့ကိုငါမုန်းသကဲ့သို့ မုန်းသူတို့အားသတ်ဖြတ်မည့်သူရှိလျှင် ရေပြွန်ခေါင်းအတွင်းမှနေ၍မြို့ထဲသို့ဝင် ပြီးလျှင်မျက်မမြင်ခြေဆွံ့သူတို့အားတိုက် ခိုက်ကြလော့'' ဟုမိန့်တော်မူ၏။ (ထိုအကြောင်း ကိုအစွဲပြု၍``မျက်မမြင်နှင့်ခြေဆွံ့သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့မဝင် ရကြ'' ဟုဆိုလေ့ရှိလေသည်။)