Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​လ 2:30

Common Language Bible

``ငါ​သည်​ထို​နေ့​ရက်​ကာ​လ​နှင့်​ပတ်​သက်​၍ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊မြေ​ကြီး ပေါ်​၌ သော်​လည်း​ကောင်း​ပုဗ္ဗ​နိ​မိတ်​များ​ကို​ပြ​မည်။ သွေး​ထွက်​သံ​ယို​ဖြစ်​မှု​မီး​လျှံ​မီး​ခိုး​များ ထ​မှု​တို့ ဖြစ်​ပေါ်​လာ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​လှမ်း​ကြည့်​လိုက်​ရာ မီး​ဖို​ကြီး​တစ်​ခု​မှ​မီး​ခိုး​တက်​သ​ကဲ့​သို့ မြေ​ပြင်​မှ​အ​ခိုး​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။-

ထိုသူအပေါင်းတို့သည် ထားကိုင်လျက်၊ စစ်မှု စစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။

ကမ္ဘာ​မြေ​ကြီး​သည်​ဝမ်း​နည်း​ပူ​ဆွေး​လျက်​နေ လိမ့်​မည်။ မိုး​ကောင်း​ကင်​သည်​လည်း​မှောင်​မဲ​၍​လာ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိန့်​မြွက်​တော်​မူ​ပြီး​နောက် မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ စိတ်​ပိုင်း​ဖြတ်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် နောက်​ဆုတ်​တော်​မူ​လိမ့်​မည်​မဟုတ်။

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ချမ်း​ဧ​မှု သို့​မ​ဟုတ်​ဆီး​နှင်း​များ​ကျ​မှု ရှိ​တော့​မည်​မ​ဟုတ်။-

``ထို​သို့​ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​လာ​ပြီး​နောက် ချက်​ချင်း​ပင်​နေ​သည်​မှောင်​မိုက်​သွား​လိမ့်​မည်။ လ သည်​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။ ကြယ်​များ သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ် များ​သည်​လမ်း​ပြောင်း​ကြ​လိမ့်​မည်။-

နေ​ရာ​အ​နှံ့​အ​ပြား​တွင်​မြေ​င​လျင်​ပြင်း​ထန် စွာ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ အ​နာ​ရော​ဂါ ကပ်​သင့်​ခြင်း​တို့​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​တွင် ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​နှင့်​ပုဗ္ဗ နိ​မိတ်​များ​ပေါ်​ထွန်း​ကြ​လိမ့်​မည်။-

အာ​ဣ​မြို့​သား​တို့​သည်​နောက်​သို့​လှည့်​ကြည့် သော​အ​ခါ မြို့​မှ​မီး​ခိုး​လုံး​ကြီး​များ​အ​ထက် သို့​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။ ထို အ​ခါ​မြို့​ပြင်​ဘက်​သို့​ထွက်​ပြေး​ခဲ့​ကြ​သော ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​တို့​ကို​တိုက်​ခိုက်​ကြ​သ​ဖြင့် သူ​တို့​ထွက်​ပေါက်​မ​ရှိ​ဘဲ​ပိတ်​မိ​နေ​ကြ​၏။-

ထို​မြို့​ကို​ကျွမ်း​လောင်​စေ​သည့်​မီး​လျှံ​များ​မှ မီး​ခိုး​များ​ကို​မြင်​သော​အ​ခါ​သူ​တို့​က``အ​ဘယ် အ​ခါ​၌​မျှ​ဤ​မြို့​ကဲ့​သို့​ကြီး​ကျယ်​ခမ်း​နား သည့်​မြို့​မ​ရှိ​ခဲ့​ဘူး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။-

သူ​နှင့်​ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​ခဲ့​ကြ​သော​ကမ္ဘာ တစ်​ဝန်း​လုံး​ရှိ​ဘု​ရင်​တို့​သည် သူ့​ကို​ကျွမ်း​လောင် လျက်​ရှိ​သည့်​မီး​မှ​မီး​ခိုး​များ​ကို​မြင်​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

ပ​ထ​မ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​ကို မှုတ်​လိုက်​သော​အ​ခါ​သွေး​နှင့်​ရော​နှော​နေ သော​မီး​နှင့်​မိုး​သီး​တို့​သည်​မြေ​ပေါ်​သို့ ကျ​ကုန်​၏။ ကမ္ဘာ​မြေ​ကြီး​၏​သုံး​ပုံ​တစ်​ပုံ၊ သုံး​ပုံ​တစ်​ပုံ​သော​သစ်​ပင်၊ စိမ်း​စို​သော​မြက် ရှိ​သ​မျှ​တို့​သည်​လောင်​ကျွမ်း​လေ​၏။

ဣ​သ​ရေ​လ​တပ်​မ​ကြီး​သည်​တပ်​ပုန်း​နှင့် အ​ချက် ပြ​အ​မှတ်​အ​သား​တစ်​ခု​ကို​စီ​စဉ်​ထား​ခဲ့​ကြ ၏။ မြို့​ထဲ​မှ​မီး​ခိုး​လုံး​ကြီး​များ​တက်​လာ​သည် ကို​မြင်​သော​အ​ခါ၊-

ထို​အ​ချိန်​၌​မီး​ခိုး​လုံး​ကြီး​တစ်​ခု​သည်​မြို့​ထဲ မှ​တက်​စ​ပြု​ပြီ​ဖြစ်​၍ အ​ချက်​ပြ​အ​မှတ်​လက္ခ ဏာ​ပေါ်​လာ​လေ​သည်။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ သည်​နောက်​သို့​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ မြို့​တစ်​မြို့​လုံး​မီး​လျှံ​တောက်​နေ​သည်​ကို​မြင် သ​ဖြင့်​အံ့​အား​သင့်​၍​သွား​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ